ကျနော့နာမည် ရှောင်ကျန်း
ကျနော့်အသက်က 28
ကျနော်က ဘေကျင်းမာရှိတဲ့ ဆေးရုံကြီးမာ တာဝန်ထမ်းနေတဲ့ မျက်စိဆိုင်ရာအထူးကုဆရာဝန်ကြီးပေါ့ဗျာ....👨⚕️
ဆရာဝန်ကြီးလို့တာပြောပေမဲ့ ကျနော်တို့ဌာနမာတော့ ကျနော်အငယ်ဆုံးဗျ😁
ကျနော့်ရုပ်ရည်ကတော့ အသင့်အတင့်ပါဘဲ..
ဒါပေမဲ့ ကျနော့်မာ အကျင့်တခုရှိတယ်ဗျ..အဲ့တာက ကျနော်နဲ့မသိတဲ့သူဆိုကျနော့်ဘက်က ခပ်တည်တည်ဆက်ဆံတတ်တာပေါ့ဗျာ...
ပီးတော့ ကျနော့ဘဝမာ ဘယ်တုန်းကမှလည်း ပြုံးဖူးတယ်ရယ်လို့လည်း မရှိခဲ့ဘူး...ကျနော့ဘဝရဲ့ ကိုယ်ပိုင်ချိန်ဆိုတာ အိပ်ချိန်နဲ့ ထမင်းစားနားချိန်ဘဲရှိပါတယ်...
ကျန်တာကတော့ ကျနော့အလုပ်ထဲမာဘဲ ကုန်ဆုံးရတာပေါ့...
Aw.. မေ့တော့မလို့...ကျနော့်ဘဝမာ သိပ်ချစ်ရတဲ့ ရှောင်ဖိန်းလို့ခေါ်တဲ့ မားတျောက်ရှိတယ်ဗျ.
ပါးကတော့ ကျနော် အထက်တန်းတက်နေတုန်းမာ ဆုံးပါးသွားခဲ့တယ်...
ပါးကဆွေမရှိမျိုးမရှိ တကောင်ကြွက်မို့ ပါးဆုံးသွားတော့လည်း ကျနော်တို့သားအမိ၂ယောက်တည်း ကျန်ခဲ့တာပေါ့....
အခုလည်း မနက်စာစားပီးပီမို့ ဂျူတီကုတ်နဲ့ မားပြင်ထားပေးတဲ့ နေ့လည်စာထမင်းဗူးလေးကိုယူပီး ဆေးရုံမသွားခင်လေး ကျနော်အမြဲတမ်း အနမ်းလေးနဲ့နူတ်ဆတ်ပီး သွားနေကျမို့ မီးဖိုထဲမာ ဆေးကြောနေတဲ့ မားဆီသွားလိုက်တော့သည်။
"..မား... သား အလုပ်သွားတော့မယ်နော်. "
"...အေအေ...သား.."
ထို့နောက် မားရဲ့ပါးပြင်လေးကိုတချက်နမ်းလိုက်ပီးတော့
"သား ဒီည Night Dutyရှိလို့ မနက်ဖြန် မနက်စောစော ပြန်လာခဲ့မယ်နော်.."
".....ဟုတ်ပီ...သား."
"..ကားကို ဂရုစိုက်မောင်းနော် သား"
".ဟုတ်ကဲ့ပါ...မား"
ကျနော် မားကို နူတ်ဆက်ပီးတာနဲ့ ကားကို ခြံဝင်းထဲကကနေ ကွေ့ထွက်လာပီး ဆေးရုံဆီသို့ဦးတည်ကာ မောင်းလာခဲ့တော့သည်။