~Psyve~
" Hyungieလေ Kookie ကိုပြန်လာ
ခေါ်မယ်နော် ခဏလေး စောင့်နော်"ဆေးရုံအခန်းငယ်အတွင်း တိတ်ဆိတ်မှု
ကိုလွမ်းမိုးသွားသော အသံငယ်မျက်လုံးအရောင်တွေမှာ တစ်စုံတစ်ခုခု
ကြောင့် ပျော်ရွင်နေဟန်လက်ထဲက စာရွက်ကို ကျစ်ကျစ်လျစ်
လျစ် ဆုပ်ကိုင်ပြီး ပြုံးလိုက်ကာဆေးရုံဝန်းအပြင်သို့ထွက်လာတော့
ဆီးကြိုသည်က နေရောင်နဲ့ လေတိုက်
ခြင်းကြောင့် လှုပ်ရှားသွားတဲ့ သစ်ရွက်
တို့ရဲ့ လှုပ်ရှားသံ။၁၀နှစ်ကျော်နီးပါ အခန်းထဲမှာပိတ်
လှောင်ကာ ကုခဲ့ရတဲ့စိတ်ရောဂါအပြင်ကိုထွက်ချင်ရင် ကျန်းမာရေး
ကောင်းရမယ်လို့ ပြောသံကိုခဏခဏ
ကြားတော့ သူတို့ပေးတဲ့ဆေးလုံး
သောက်ပြီး လိမ္မာပြလိုက်တော့ဟော လူနာကျန်းမာရေးကောင်းလာ
ပြီတဲ့။ အဟက် ထောက်ပံ့သူမရှိတဲ့
လူနာကို ဘယ်ဆရာဝန်မှလက်မခံ
ချင်။အဲ့တော့ ဟန်ဆောင်ပြလိုက်တော့
ဆေးရုံက အလွယ်တကူဆင်းခဲ့ရသည်။အခုဘာလုပ်မလဲ?
Kookie, Kookie ကိုရှာရမယ်။
Kookie သူ့ကိုမျှော်နေမှာ..."Hyungie လာပြီ Kookie "
~Psyve~
သွေးကြောတစ်လျောက်လှည့်ပတ်
စီးဆင်းလာမှုနဲ့အတူ နှလုံးခုန်သံကထပ်
တူညီလျက်....။ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေတစ်
ဖြေးဖြေးလှုပ်ရှားလာပြီး အသိစိတ်က
မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ဖို့ လမ်း
ညွှန်နေတယ်။အားမရှိသော ကိုယ်ခန္ဓာနဲ့အတူ
မပွင့်သော မျက်လုံးအစုံ...
ကိုယ်အတွင်းရှိသမျှအားများစုစည်းကာ လေးလံနေသော မျက်ခွံကိုဖြေး
ညင်းစွာ ဖွင့်လိုက်တော့ အလင်းရောင်
ခပ်စူးစူးတစ်ခုကိုသာ သူရလိုက်သည်..အလင်းစူးစူးကြောင့် အားတင်းစွာဖွင့်
လိုက်သော မျက်လုံးများတစ်ဖန်
ပြန်မှိတ်သွားသည်....။အာခေါင်မှခြောက်သွေ့သွေ့နဲ့ နှုတ်ခမ်း
သားတို့မှာ ရေမရှိ ခြောက်ကပ်ကပ်။