#Zawgyi
နောက်တစ်ပိုင်း ပြန်ရိုက်တော့ dongpyo သာသာယာယာထိုင်ကြည့်နေသည်။လော
လောဆယ်တော့သဝန်တိုချင်သည့်စိတ်တောင် ဘယ်ပျောက်သွားမှန်းမသိ။Shooting ပြီးတာနဲ့ Seungwoo dongpyo ဆီ ပြေးလာသည်။
"ပြန်ကြမယ်လေ"
"အင်းးး ပြန်တာပေါ့"
Seungwoo လူလည်ကျကာ company ကားကို ဝင်စရာရှိသေးလို့ ဆိုပြီး တခြား staff တွေကို တခြားကားနဲ့ ပြန်စေကာ dongpyo ကိုသာ ခေါ်တင်လာသည်။
ကားပေါ်ရောက်တော့ ထိုင်ခုံပေါ်ထိုင်ရန် ပြင်နေသော dongpyo ကို ဆွဲမကာ ပေါင်ပေါ်တင်လိုက်သည်။ နှစ်ယောက်တည်းရှိသောကြောင့်dongpyo ကဂျီကကြောင် မကျတော့ပဲ Seungwoo လည်ပင်းကို လက်၂ဖက်နဲ့ တွဲချိတ်လိုက်ကာ ရင်ခွင်ထဲတွင် ငြိမ်နေသည်။
"ဟိုဆွဲကြိုးလေး ပြန်ဆွဲထားမယ်မလား"
Dongpyo ဆံပင်လေးများကို ဖွဖွလေး သပ်ပေးရင်း မေးမိသည်။
"ဆွဲပါဘူး...hyung ကို တကယ်တော့ အမြင်ကပ်နေတာ သိလား..ဟွန်းး"
"ဘာလို့တုန်း"
"လူကို ဒီရက်တွေအတွင်း မျက်လုံးချင်းတောင် ဆုံအောင် မကြည့်ဘူး .စကားပြောရင်လည်း အေးတိအေးစက်ကြီးနဲ့....သူစိမ်းကျနေတာပဲ..ခုနကလည်း ဟိုမိန်းမကြီးကို ကျွန်တော်လုပ်ထားတဲ့ မုန့်တွေ ကျွေးရသေးတယ်...မုန်းလိုက်တာ တအား"
ပြောရင်း ဆိုရင်း Seungwoo ဗိုက်ကို ဆွဲလိမ်လိုက်သည်။
"အား..နာလိုက်တာဗျာ....အဲ့တာက ၂ယောက်လုံး အနေမခက်အောင် ဆိုပြီး ကိုယ်အတတ်နိုင်ဆုံး စဉ်းစားမိတဲ့ နည်းလမ်းလေ.....ဒီက အများကြီးလွမ်းနေရတာတော့ မသိဘူးမလား"
"မသိဘူး....ဒီရက်တွေအတွင်း ငိုပဲ ငိုချင်နေတာ ခင်ဗျားလုပ်လို့"
လေသံတိုးတိုးလေးကြောင့် Seungwoo စိတ်မကောင်းဖြစ်သွားကာ
"ကိုယ့်ကြောင့် စိတ်ထိခိုက်ရတယ်ဆို တကယ်တောင်းပန်ပါတယ်...နောက် ဘယ်တော့မှ မဖြစ်စေရဘူးနော်...ကတိ!!"
"ပြီးတာပဲ"
Dorm ရောက်တော့လည်း လက်ကိုဆွဲကာ ခေါ်လာသောကြောင့် dongpyo နေရခက်နေသည်။Member တွေ မြင်သွားရင် ရှက်စရာကြီး။