သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၈၁
ရီယွမ်ကတော့ နေ့စဉ်နေ့တိုင်း သူ၏ ပုံမှန်လုပ်ငန်းစဉ်များကိုသာ ဆက်လက်ဆောင်ရွက်နေလိုက်သည် ။
မနက်တိုင်း … မနက်တိုင်း ဆေးပင်တောင်သို့သွားကာ သူ၏ ကိုယ်ဖော့ပညာကို လေ့ကျင့်ရင်း ဆေးပင်ခူးသည် ။ ညဘက်တွင် တရားထိုင်သည် ။ ရီယွမ်၏ နေ့စဉ်အချိန်ဇယားကတော့ ထိုအတိုင်းပင် ဖြစ်၏ ။
ရီယွမ်၏ လုပ်ငန်းခွင်က ကျိုးခိုင် ၊ စုန့်ဇီဂျွန်တို့နှင့် ကွဲပြားခြားနားသည့်အပြင် အိမ်မှ မနက်စောစော ထွက်ခွာရပြီး မိုးချုပ်မှ ပြန်ရောက်သည်ဖြစ်ရာ သူတို့နှင့်လည်း သိပ်ပြီးမတွေ့ဖြစ်ကြတော့ပေ …
တဖြည်းဖြည်းနှင့် ရွှမ်းဝူစစ်တပ်မှလူများ အတွင်းဆောင်ထဲသို့ ဝင်ရောက်လာကြပြီး အလယ်ဆင့်အခန်းများတွင် ဝင်ရောက်နေထိုင်လာခဲ့ကြသည် ။
အလယ်ဆင့် အခန်းများက နေရာကျယ်ဝန်းပြီး အခြားအဆင့်နိမ့်အခန်းများထက် ပိုပြီးသက်တောင့်သက်သာရှိသော်လည်း နတ်ဘုရားဗဟိုမျှော်စင်ကြီးထဲရှိ ကောင်းကင်မြေကြီးယွမ်ချီများ သိပ်သည်းမှုနှင့်တော့ လုံးဝမယှဉ်သာပေ ။
သို့သော် အလယ်ဆင့်အခန်းများထဲတွင် ထားရှိထားပေးသော မှော်အစီအရင်လေးတစ်ခုရှိနေခြင်းကြောင့် အနည်းငယ်တော်သေးသည်ဟု ဆိုရပေလိမ့်မည် ။ ထို့ပြင် အလယ်ဆင့်အခန်းများထဲတွင် နေထိုင်ရခြင်းသော သင်တန်းသားများက အခြားသင်တန်းသားများထက် ပိုပြီး ဂုဏ်ရှိသည် ဆိုခြင်းကတော့ အမှန်ပင် …
ယနေ့က ရီယွမ်၏ ငါးရက်မြောက် ဆေးပင်ခူးသည့်နေ့ပင် ဖြစ်သည် ။
စုန့်ဇီဂျွန်သည်ပင် အတွင်းဆောင်များအတွင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေပြီ ဖြစ်၏ ။“ရီယွမ် ! အလယ်ဆင့်အဆောင်တွေကို မင်းမပြောင်းဘူးလား ?” စုန့်ဇီဂျွန်က မေးလိုက်သည် ။
ရီယွမ်က ခေါင်းခါပြလိုက်သည် ။ “ဘာမှ သိပ်အများကြီး ကွာတာကမှ မဟုတ်တာ.. ငါ့အခန်းလဲ အလယ်ဆင့်အခန်းပဲလေ !”
“စုန့်ဇီဂျွန်က အင်း … အဲဒါတော့ ဟုတ်တယ် … ဒါပေမယ့် အလယ်ဆင့်အခန်းမှာနေတဲ့လူတွေက ငါတို့ထက်ပိုသန်မာအားကောင်းတဲ့အတွက် သူတို့နဲ့ သင်ထောက်ကူပစ္စည်းတွေ လဲလှယ်လို့ရနိုင်တဲ့အပြင် ဆွေးနွှေးသင်ယူနိုင်မယ်ဆိုရင် ငါတို့ဒီထက်ပိုအစွမ်းထက်လာမှာ”
YOU ARE READING
True Martial World Book 13-14
Fantasyသူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ( ရီယွမ်) Translator - Min Nandar