C-182

220 24 0
                                    

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

အခန်း ၁၈၂

ရီယွမ်၏ အမြန်နှုန်းက စီးမျောခြင်းပြဒါးဝတ်စုံကို ဝတ်ဆင်ထားသည့်အချိန်မှာပင် ကြောက်မက်ဖွယ်ရာကောင်းအောင် လျှင်မြန်လွန်းလှသည် ။

စီးမျောခြင်းပြဒါးဝတ်စုံ၏ အလေးချိန်က အနိမ့်ဆုံးသို့လျှော့ချထားသည်ပင်လျှင် ၁၀၀ ကော်ဒရွှန်ခန့် ကျန်ရှိနေသေးသည် ။ ထိုကဲ့သို့သော အလေးချိန်အောက်တွင် ဖိအားကို ဆန့်ကျင်ပြီး လှုပ်ရှားသွားလာနိုင်ရန် မလွယ်ကူသော်လည်း ရီယွမ်၏ တဒင်္ဂနက်ရှိုင်းခြင်းအပေါ် နက်ရှိုင်းစွာ နားလည်နိုင်စွမ်းက ထိုအချက်ကို လုံးဝ ဘေးဖယ်ထားလိုက်နိုင်သည် ။

ရီယွမ်က တုံ့ခနဲရပ်လိုက်ပြီး လေထုထဲသို့ လက်သီးနှစ်လုံး ပစ်သွင်းလိုက်သည် ။ ရီယွမ်၏ လက်သီးဒဏ်ကြောင့် အနီးအနားရှိလေထုများပင် ဆွဲ့ကျုံ့တုန်ခါထွက်သွားပြီး … ကျယ်လောင်သော အသံတစ်ရပ် ထွက်ပေါ်လာခဲ့သည် ။

ဖန်း …ဖန်း…

ထိုစဉ်…

ရွှမ်း..

သတ္တုချင်း ထိခတ်သံများ ပေါ်ထွက်လာပြီး ရီယွမ်၏ တပ်မတစ်ထောင် ဓါးမော့က ဓါးအိမ်မှ အပြင်ဘက်သို့ ထွက်လာခဲ့သည် ။ ဓါးရိပ်များက လရောင်ကဲ့သို့ တလက်လက်တောက်ပနေပြီး ထိုဓါးရိပ်များကြား ရေ့ပက်ထည့်ပါက ရေစက်များ အပြင်ဘက်သို့ ပြန်လည်စင်ထွက်လာမည်မှာ အမှန်ပင်…

ရီယွမ်၏ လျှင်မြန်ပြင်းထန်သော လှုပ်ရှားမှုများကြောင့် အခန်းထဲတွင် လေပွေအသေးစားလေးတစ်ခု တိုက်ခတ်နေသလို ခံစားနေရသည် ။ သို့သော် လျှံထွက်လာသော အားအင်များက အခန်းနံရံနှင့် အခြားပရိဘောဂ ပစ္စည်းများကို လုံးဝ ထိခိုက်ခြင်း မရှိပေ.. ထိုအခြင်းအရာကို ကြည့်ခြင်းဖြင့်  ရီယွမ်၏ စွမ်းအင်ချိန်ညှိနိုင်စွမ်းကို အထင်အရှား မြင်နိုင်ပေသည် ။

တပ်မတစ်ထောင်ဓါးမော့ ထွက်ပေါ်လာသည့်အချိန်မှ စပြီး ရီယွမ်၏ ခန္ဓာကိုယ်ကို အရိပ်တစ်ခုအသွင်သာ မြင်နေရတော့သည် ။ ရီယွမ်၏ လှုပ်ရှားမှုများကို သာမန်မျက်စိဖြင့် မြင်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ…

True Martial World Book 13-14Where stories live. Discover now