သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၁၉၀
လူတစ်ယောက်ကို သတ်ဖို့ဆိုခြင်းက ခရမ်းရောင်ကောင်းကင် ဂျင်စင်းအတွက်တော့ ခက်ခဲသော ရွေးချယ်မှုတစ်ခုပင် ဖြစ်၏ ။
ဝိညာဉ်ရှိသော ဆေးပင်များက စွန့်ပစ်သားရဲများနှင့် လုံးဝမတူပေ ..
သူတို့တွင် ပင်ကိုမူလ ခုခံနိုင်စွမ်းရည်များ အလိုလို ပါရှိကြသည် ။ရှေးဦးမူလဆေးပင်က နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံရှင်သန်နိုင်ခဲ့သော်လည်းပဲ လူသားများ၏ ဖမ်းဆီးခူးယူခြင်းမှ မလွတ်မြောက်နိုင်ကြပေ …..
အချို့သော ရှေးဦးမူလဆေးပင်များက ခရမ်းရောင် ကောင်းကင်ဂျင်စင်းထက်ပင် အဆင့်နိမ့်ကျသေးသည် ။ ရှေးဦးမူလဆေးပင်များ ဖြစ်ကြသော်လည်း မြေလျှိုး ရေငုပ်နိုင်သည့် အစွမ်းမရှိကြသည့်အတွက် လူများ၏ ခူးယူခြင်းနှင့် စွန့်ပစ်သားရဲများ၏ စားသုံးခြင်းကို အလွယ်တကူ ခံခဲ့ရသည် ။
ထိုကဲ့သို့သော ဆေးပင်များအဖို့ ရှေးဦးမူလ ဆေးပင်တစ်ပင် ဖြစ်လာရန်အတွက် အခွင့်အရေး အနည်းငယ်သာ ရှိသည် ။ ကောင်းကင်မြေကြီးယွမ်ချီများကို အနှစ်တစ်သောင်းတိတိ စုပ်ယူစားသုံးပြီးမှသာလျှင် ရှေးဦးမူလ အဆင့်ကို ရောက်ရှိနိုင်ပေလိမ့်မည် ။
ထိုအချိန်အတွင်း လုံအောင် မပုန်းအောင်းနိုင်ပါက စွန့်ပစ်သားရဲများ၏ စောင့်ကြပ်ခြင်းကို အနှစ်တစ်သောင်းတိတိ ခံရပြီး အနှစ်တစ်သောင်းပြည့်သည့်အခါ သားရဲများ၏ အရံသင့် စားသုံးခြင်းကို ခံရလိမ့်မည် ဖြစ်၏ ။ ထိုကဲ့သို့ ခက်ခဲကြမ်းတမ်းသည့် အခြေအနေများကြောင့် ရှေးဦးမူလဆေးပင် တစ်ပင် ဖြစ်ပေါ်လာရန် အလွန်ခဲယဉ်းခြင်း ဖြစ်သည်။
ထိုကဲ့သို့သော အချိန်မျိုးတွင် ကောင်းကင်မြေကြီးယွမ်ချီများကို အသုံးချပြီး ရီယွမ်ကို တိတ်လန့်သွားအောင် ခြောက်လှန့်နိုင်သော်လည်း အသေသတ်ဖို့အတွက်ကတော့ လုံးဝမလွယ်ကူပေ … အကယ်၍ နောက်ထပ် နှစ်တစ်ထောင်ခန့်သာ ကောင်းကင်မြေကြီးယွမ်ချီများကို စုပ်ယူနိုင်လိုက်ပါက ရီယွမ်ကို အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။
YOU ARE READING
True Martial World Book 13-14
Fantasyသူရဲကောင်းတစ်ယောက်၏ဒဏ္ဍာရီ ( ရီယွမ်) Translator - Min Nandar