Author's POV
*Ringggg*အဆက်မပြတ်မြည်နေတဲ့ alarm သံကြောင့်အိပ်ယာထဲမှအိပ်မှုန်စုံဖွားနဲ့ကောင်လေးတယောက်ခေါင်းထောင်လာလေရဲ့
''ဘယ်အချိန်တွေတောင်ဖြစ်ကုန်ပြီလဲမသိဘူး'' မျက်လုံးကိုအားစိုက်ပြီးဖွင့်ကြည့်လိုက်တော့ ၅:၄၅ ''ဩော်အချိန်ရသေးတာပဲဆက်အိပ်လိုက်ဦးမယ်'' ဒီလိုနဲ့ alarm ကိုပိတ်ပြီးအိပ်လိုက်တယ်
''Jimin Jiminie Min ဟကောင်ထတော့ ''တယောက်ယောက်ရဲ့အော်သံကြောင့်အလန့်တ
ကြားနိုးလာတဲ့ကောင်လေး
''ဘာလဲဘာလဲ ဘယ်မှာ Daniel ကိုတွေ့လိုက်တာလဲ''
''အောင်မလေးအိပ်မက်ကမ္ဘာထဲကထပြီးနာရီကို
ကြည့်လိုက်ပါဦး ၆နာရီခွဲတော့မယ် Min မျက်နှာမသစ်ရသေးဘူး ငါသာလာမနိုးရင်Min ဒုက္ခအကြီးအကျယ်ရောက်တော့မလို့ အောင်မလေး ဒီကလေးတယောက်နဲ့ငါလည်းစိတ်မချနိုင်လို့ ရည်းစားတေင်မရသေးဘူး''ဟုဆိုကာနဖူးပေါ်လက်ကိုဒရာမာဆန်ဆန်တင်ပြီးပြောနေသော ကြည့်ကောင်းကောင်းဗလတောင့်တောင့်လူငယ်လေးတယောက်
''အိုမို Mian Taemin Hyung နိုးပြီးကာမှပြန်အိပ်ပျော်သွားလို့''
''ရပါတယ်အခုနေမြန်မြန်လုပ်ရင်မီသေးတယ်သွားသွား''
''ဟုတ်ကဲ့ပါ Hyungie ဒါနဲ့လေ Hyung ရည်းစားမရတာကျွန်တော်နဲ့မဆိုင်ပါဘူးကိုယ့်ဘာသာစော်မကြည်ဘဲမကြည်လို့မရတာကို''ဟုဆိုကာလျှာထုတ်ပြီးရေချိုးခန်းထဲပြေးဝင်သွားသောပုပုသေး
သေးအကောင်လေး
''အောင်မယ် မင်းငါ့တို့ Uni ကိုလာကြည့်စမ်းပါ ငါ့မှာစော်တင်မက ဘဲရောနွားရောကြည်လွန်းလို့ခါထုတ်နေရတာပင်တောင်ပင်ပန်းတယ် Min သာကိုယ့်ဟာကို ကောင်ချောလေးတယောက်ရအောင်ရှာစမ်းပါ''၁၅မိနစ်အကြာ
''Hyung ကျွန်တော်ပြီးပြီ ''
''ဩော်အေး Hyung စားပွဲပေါ်မှာ fresh ဖြစ်လှတယ့်မနက်စာလေးပြင်ပေးထားတယ်စားလိုက်ဦးနော်''''ဝါး Hyung ကအကောင်းဆုံး''
မနက်စာစားနေရင်း Jimin တယောက် ဖုန်းသုံးနေတယ့် Taemin ကို
''Hyung ရဲ့အသိတွေထဲက အဆင်လေးတွေဘာတွေရှိရင်ကျွန်တော်နဲ့ချိတ်ပေးစမ်းပါ ကျွန်တော်သူငယ်ချင်းလည်းပါမယ် Hyung သိတယ်မလား ရုပ်ချောချော ဘော်ဒီတောင့်တောင့်မေးရိုးချွန်ချွန် အပြုံးချိုချို အရပ်ရှည်ရှည်လေးနဲ့နော်😚''
''အာ့လောက်ဖြစ်နေရင်မင်းရဲ့ချစ်လှစွာသော Daniel လေးကိုသာသွားတင်တောင်းလိုက် မင်းလိုချင်နေတဲ့အချက်တွေသူ့ဆီမှာအကုန်ရှိတယ်''
''အာ hyung ကလည်းရလို့ရှိရင်ကျွန်တော်လည်းသူနဲ့လက်ထပ်ပြီးတာကြာပေါ့ ဒါပေမဲ့လေးသူက ကောင်းကင်ပေါ်က ကျွန်တော်လှမ်းပြီး ခူးဆွတ်လို့မရတဲ့ ကြယ်လေးတလုံးပဲ Hyung ရဲ့ကျွန်တော်ကတော့သူ့ရဲ့များလှစွာသော fan တွေထဲကတယောက်သာသာပါ အင်းဟင်းပြောရင်းငိုချင်လာပြီ Hyung ကျွန်တော့်ကိုရည်းစားရှာပေးတော့မရဘူး''
''ဒီကောင်လေးသူရည်းစားလိုချင်တိုင်း မရရ ရတယ့်နည်းနဲ့ အင်းပါဘာပဲဖြစ်ဖြစ် Hyung ပြောကြည့်လိုက်မယ် ဒါနဲ့ Min နာရီ ထဲကအချိန်ကိုသတိထားမိရဲ့လား ထမင်းစားပွဲပေါ်ထိုင်ပြီး အလွမ်းဇာတ်ခင်းနေတယ်''
''ဟင် ဟိုက်ရှားဘား သွားပြီ စောစောမပြောဘူ ဒီ Hyung တယောက်နဲ့တော့ပြန်လာရင်တွေ့မယ်''
ဖိနပ်ကြိုးချည်ပြီးသောအခါ
''သွားပြီ ပြန်လာရင်တွေ့မယ် ကျောင်းလည်းသွားဦးနော်ပွေရှုပ်မနေနဲ့ အိမ်အချိန်မီပြန်လာကြားလား ဘိုင့်ဘိုင် အာဘွား '' ပြောချင်တာတွေပြောပြီးထွက်သွားတဲ့ ချစ်စရာကောင်လေးကို အိမ်ထဲမှသူ့ရဲ့အကိုရင်းနဲ့မခြားတဲ့သူတယောက်က နှစ်သက်ခြင်းတွေနဲ့ကြည့်နေခဲ့ပြီး ပါးစပ်မှရေရွတ်လိုက်တာက
''သြော် ဒီကလေးငါ့အဘွားထက်တောင်ဆိုးတယ် တကယ်ကသူ့ကိုထိန်းနေရတာကငါပါနော်''
ဟုဆိုကာသူလည်းကျောင်းသွားရန်အတွက်ပြင်၏။
Jimin နဲ့ Taemin က Uni လည်းမတူ Year လည်းမတူပေ။ Jimin က BigHit Uni မှာ ပထမနှစ်ကျောင်းသားတယောက်ဖြစ်ပြီး Taemin က Star Uni မှာတတိယနှစ်ကျောင်းသားတယောက်ဖြစ်၏။သူတို့နှယောက်ဟာ ကျောင်းအပြင်မှာရင်းနှီးပြီး အိမ်တလုံးကို စပ်ဝယ်ကာအတူတူနေခဲ့ကြသော ညီအကိုရင်းခြာနဲ့မခြားတဲ့လူ၂ယောက်ပဲဖြစ်တယ် ဒါပေမယ့် Jimin လေးကတော့ Taemin Hyung ရဲ့ baby လေးဖြစ်နေတာပေါ့ Taemin ကလည်းချွဲစိန် Jimin လေးကိုချစ်နေရတာ တုန်ရောပဲ။
YOU ARE READING
U-turn<Jikook>
Romanceခုတော့ ကိုယ်မင်းနောက်တကောက်ကောက်လိုက်နေရတဲ့လူဖြစ်သွားပါကောလား-Jungkook Mature scene လေးတွေပါပါမယ် Ve ကထူးဆန်းပါတယ်အာ့တော့ Mature scene လေးတွေကို English လိုရေးဖြစ်မယ်ထင်ပါတယ်