"ဒုန်း..ဒုန်း..ဒုန်း!!.."
ကြည်လင်အေးချမ်းနေသည့် နံနက်ခင်း...၊အချိန်အားဖြင့်7နာရီ...။နေ၏အနွေးဓာတ်နှင့်အလင်းဓာတ်တို့ စတင်ထိရောက်နေသော...ထိုအချိန်သည်...ပတ်ဝန်းကျင်တစ်ခွင် တိတ်ဆိတ်နေသေးပေမဲ့....ဆူညံနေသည်က ထက်ကောင်းယံ၏ အခန်းတံခါး.....
"ဒုန်း..ဒုန်း!!..ဟဲ့လဒ...ထက်ကောင်းယံ..သေနေတုန်းလား...ဒုန်း..ဒုန်း..!"
ထက်ကောင်းယံ အလုပ်သွားရမည်ဖြစ်သော်လည်း....ညက နောက်ကျမှအိပ်ရာဝင်ထားခြင်းကြောင့်...ခါတိုင်းလိုစောစောမနိုးပေ...။အလုပ်သွားရဦးမည့်စိတ်ကြောင့်...ဒီအချိန်ထိအိပ်မောကျနေခြင်းမဟုတ်၍...အခန်းပြင်ရှိ လရောင်ခြယ်၏ စူးရှသောအသံအား ကြားနေရသည်......
"ဝှါး....လာပြီဟ...အရူးမရဲ့...တစ်ရပ်ကွက်လုံးကြားအောင်အော်နေ..."
ထက်ကောင်းယံ စိတ်ပျက်ပျက်နှင့်...ခေါင်းကုပ်ကာ ဖိုသီဖက်သီဖြင့်ထွက်လာသည်....။
"ဘယ်မှာလဲ ဟိုသေနာလေး..."
ဘုန်းနေသော် ကိုမေးလိုက်မှန်းသိ၍...ထက်ကောင်းယံ သက်ပြင်းချလိုက်ရင်း...လရောင်ခြယ်အား...အိမ်ထဲအရင်ဝင်..ဟုသော သဘောဖြင့်...လက်ဝိုက်ကာ.. ခေါ်လိုက်သည်......
"အမလေး...လဒ..နင့်ညဝတ်အင်္ကျီကြီးက...ဘယ်နှစ်ရက်တောင်ဝတ်နေတာလဲ...ရွှတ်...ဟွန်း...အနံ့တောင်ထွက်နေပြီ..."
လရောင်ခြယ်...ထက်ကောင်းယံ၏ အင်္ကျီလက်အား...ဆွဲယူနမ်းကြည့်ပြီး ပြောလိုက်သည်.....။
"အေးဟာ...ငါလျှော်ဖို့မေ့နေတာ...ညဘက်အမြဲတမ်းလည်းမဝတ်ဖြစ်ပါဘူးဟာ...နင်သိရဲ့သားနဲ့...နင့်ရဲ့သားတော်မောင်အဘုန်းက...ညဘက်အဲ့လိုအိပ်ပါ...ဆိုပြီး ဝယ်ပေးထားလို့....သတိရမှဝတ်ဖြစ်တာပါ..."
ဘုန်းနေသော် သည်..ထက်ကောင်းယံအား အမြဲတမ်းဂရုစိုက်တတ်သည်...။ဗရမ်းဗတာနေတတ်သည့် ထက်ကောင်းယံအား...စမတ်ကျကျနေတတ်အောင် သူပဲသင်ပေးခဲ့သည်...။မြန်မာပြည်ရှိ မိမိအဖေ၏ ကုမ္ပဏီတွင် ထက်ကောင်းယံအား အလုပ်ဝင်စေချင်သော်လည်း....ထက်ကောင်းယံ လက်မခံခဲ့ပေ..။ကိုယ်ဝါသနာပါတာကိုပဲလုပ်ပြီး...ဒီတိုင်းလေးပဲနေရတာသဘောကျသည်ဟု ပြောသောကြောင့်...ဘုန်းနေသော်လက်လျှော့ခဲ့ခြင်းပင်...။သူကိုယ်တိုင်သည်လည်း...မိဘ၏စီးပွားရေးအလုပ်ကို စိတ်မဝင်စား၍ နည်းနည်းမှဝင်မလုပ်ခဲ့...။ဘုန်းနေသော် စိတ်ဝင်စားသည်က သရုပ်ဆောင်အလုပ်ပင်...။ငယ်စဉ်ကထဲက ရုပ်ရှင်မင်းသားဖြစ်ချင်၍...အနုပညာနှင့်ပတ်သက်လျှင်...တော်တော်များများသင်ယူခဲ့သော်လည်း...မိဘများကသဘောမတူ၍...အနုပညာလမ်းကြောင်းပေါ်...ခြေပင်မချခဲ့ရ..။ဘုန်းနေသော်၏ မိဘများသည်လည်း....ဘုန်းနေသော်အား...သူတို့အလုပ်မှာဘာမှမကူညီပဲ..ကြိုက်သလိုနေလို့ရသည်..၊သရုပ်ဆောင်လုပ်ဖို့တော့ လုံးဝခွင့်မပြုနိုင်..ဟု...အပြတ်ပြောထားသည်သာ........။
VOCÊ ESTÁ LENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............