C-209

151 25 0
                                    

အခန်း ၂၀၉

"ငါတို့အကုန်လုံး ပေါင်လိုက်မယ်" …. မြို့တော်သခင် လူငယ်လေးယောက်က အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် နားလည်သလို ပြန်ကြည့်လိုက်ကြပြီး သူတို့ယူလာသော ပစ္စည်းများအားလုံးကို စားပွဲပေါ်သို့ တင်ပေးလိုက်ကြသည် ။

"အစ်ကို ….  အဲဒီအတိုင်းပဲနော် … ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ရီယွမ်တင်မဟုတ်ဘူး … ရီယွမ်က ကျွန်တော်တို့ စမှတ်ပဲ ၊ ကျွန်တော်တို့အားလုံး လူသစ်တန်း ထဲမှာ အကောင်းဆုံး ဖြစ်ရမယ် … လူတိုင်းလူတိုင်း ကျွန်တော်တို့ မြို့တော်သခင်လေး ၄ ယောက် ဘယ်လောက်ထိအစွမ်းထက်လဲဆိုတာ သိစေရမယ် …. "

ခပ်ဝဝကောင်လေးက ထိုကဲ့သို့ သုံးသပ်လိုက်လေ၏ ။ သူက ထိုလူလေးယောက်ထဲတွင် အသက်အကြီးဆုံးဖြစ်၏ ။ ထိုအချိန်တွင် သူတို့၏ မျက်ဝန်းထောင့်စွန်းမှ လီနင်အင်္ကျီကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက် တံခါးဝတွင်ရပ်နေသည်ကို ဖျတ်ခနဲ တွေ့လိုက်ရသည် ။ ထိုလူငယ်လေး ကြည့်နေသော အကြည့်များက ထူးဆန်းလွန်းလှသည် ။

ဝတုတ်လေး စိတ်ထဲ မရွှင်မပျ ဖြစ်သွားသည် ။ အဲဒီကောင်က ငါတို့ကို ဘာဖြစ်လို့ အဲဒီလို ကြည့်နေရတာလဲ … ငါတို့လို  ချောမောပြီး ခန့်ငြားတဲ့ လူငယ်တွေကို တစ်ခါမှ မမြင်ဖူးလို့များလား ….

"မင်း … ဘယ်သူလဲ"… ဝတုတ်လေးက ရီယွမ်ကို ကြည့်ပြီးမေးလိုက်သည် ။

"ငါ …အယ် …" ရီယွမ်က မေးစေ့ကို အသာအယာပွတ်သပ်ရင်း ထူးဆန်းသလို ကြည့်လိုက်မိသည် ။

ငါ့နာမည် ရီယွမ်ပါ…. မင်းတို့နဲ့တွေ့ရတာ ဝမ်းသာပါတယ် … မြို့တော်သခင်လေးယောက်က တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်လိုက်ကြသည် ။ ရီယွမ်တစ်ယောက်လုံး အနောက်မှာရှိနေတာတောင် သူတို့က ရီယွမ်အကြောင်း ပြောနေကြသည်တဲ့လား …..

မင်းက ငါတို့နဲ့အတိုက်အခံလုပ်တဲ့ ရီယွမ်ဆိုတဲ့ ကလေးလား… အရပ်မြင့်မြင့်ကောင်လေးက ဓါးမြောင်ကို လက်ထဲတွင် ဟိုဟိုဒီဒီဝေ့ယမ်းရင်း ရီယွမ်ကို ခြိမ်းခြောက်လိုသည့်ဟန် လုပ်ပြလိုက်သည် ။ တစ်ချက်လေး စောင်းငဲ့ကြည့်ရုံနှင့် ထိုဓါးမြောင်ကပုံမှန်မဟုတ်မှန်း ရီယွမ်ကသိလိုက်သည် ။

True Martial World Book 13-14Where stories live. Discover now