🍵

13.8K 1.2K 40
                                    

[ zawgyi ]

ပျင်းရိစရာနေ့တစ်နေ့ကထပ်တိုးလာပြန်တယ်

ရှောင်းကျန့်တစ်ယောက် အိပ်လိုက်စားလိုက်နဲ့ပဲအချိန်ကုန်လာတာ သုံးပတ်ကျော်တောင်ကြာလာပြီ။ ဒီနေရာလေးသိပ်အေးချမ်းတယ်.. ကျန်းမာရေးအတွက်အနားယူရမည်ဖြစ်တာကြောင့် အဖိုးနဲ့အဖွားရှိရာ တောင်ပေါ်ဒေသလေးကို ရှောင်းကျန့်ကရောက်နေရတယ်

မော်တော်ကားသံတွေကင်းဝေးတော့ မြို့ငယ်လေးကတိတ်တိတ်ဆိတ်ဆိတ်ရှိနေတယ်။ မကျဉ်းမကျယ်တစ်ထပ်အိမ်လေးနဲ့ အပင်ပုလေးတွေအစီအရီစိုက်ထားကာ သစ်တုံးလေးတွေကိုထုထွင်းပြီးခြံလေးခတ်ထားတာလေးကနေချင်စရာကောင်းနေလေရဲ့.. ခြံဝန်းထဲမှာတော့ အတန်အသင့်အိုဟောင်းနေပြီဖြစ်တဲ့ ကွပ်ပျစ်ကျယ်ကျယ်လေးရှိပြီး ဘေးမှာတော့အပင်အကြီးကြီးကရံထားတယ်။ နေရောင်အသင့်အတင့်ရတဲ့ အိမ်ရှေ့ကွပ်ပျစ်လေးက ရှောင်းကျန့်အကြိုက်ဆုံးနေရာလို့ဆိုရမယ်.. ကွပ်ပျစ်လေးမှာထိုင်ရင်း ခြံရှေ့ကဖြတ်သွားဖြတ်လာလူတစ်ချို့နဲ့ စက်ဘီးလေးတွေကို ကြည့်ရတာက ဘယ်တော့မှရိုးသွားတယ်ဆိုတာမရှိ...

" အဖိုး! အဖိုးရေ "

ရှောင်းကျန့်အကြည့်တွေက ခြံရှေ့က စက်ဘီးစိမ်းဖန့်ဖန့်လေးကို ခွလျက်သားရှိနေတဲ့ ကောင်လေးတစ်ယောက်ဆီ တန်းတန်းမတ်မတ်ရောက်တယ်
ဟုတ်သား ဒီနေ့က ဗုဒ္ဓဟူးနေ့ပဲ

" အဖိုးနဲ့အဖွားက မနက်စောစောထွက်သွားတယ်
ဈေးသွားကြတယ်ထင်တာပဲ
အပင်ထားခဲ့မလား ရတယ်လေ လာ ဒီနားမှာထားခဲ့ "

စက်ဘီးကိုဒေါက်ထောက်ကာထားခဲ့ပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့လျှောက်ကာခြံထဲဝင်လာတဲ့ ကောင်လေးက လက်ထဲမှာလည်း အပင်ပုလေးတစ်ပင်ကိုကိုင်ထားသေးတယ်

" ဒါ ဘာအပင်လေးလဲ
ဟိုးတစ်ခါကအပင်လေးတွေတောင် အိုးထဲပြောင်းမစိုက်ရသေးဘူး .. အဖိုးတို့ကလည်းအလုပ်များနေတာနဲ့... အ.. "

" သွားတော့မယ် ! "

စက်ဘီးကိုအမြန်နင်းကာထွက်သွားတဲ့ ကောင်လေးကျောပြင်ကို နားမလည်သလိုကြည့်ရင်း ရှောင်းကျန့်ကကျန်ခဲ့ရတယ်။ စကားဆုံးအောင်နားမထောင်ပဲ ထွက်သွားတဲ့ကောင်လေးက ယဉ်ကျေးမှုမရှိဘူးလို့ထင်ရပေမယ့်... ရှောင်းကျန့်ကတော့ ကောင်လေးပုံစံကို ရင်းနှီးနေတာကြောင့် အပြစ်ပြောမနေတော့

M Y  M A T C H A  [ Completed ]Where stories live. Discover now