♥Unicode♥
အခန်းထဲပြန်ပြီး ရေချိုးကာ TV ဖွင့်ကြည့်နေသော်လဲစိတ်ကမဖြောင့်
တစ်ပတ်တောင်လိုသေးတာကို ဒီကောင်ဘာလာလုပ်တာပါလိမ့်
အလုပ်ကိစ္စလဲမဖြစ်နိုင် ဒီကောင်ကအလုပ်ဆိုမယ်မယ်ရရလုပ်တဲ့ကောင်မဟုတ် အားတိုင်းယားတိုင်းမိန်းမတွေနဲ့ခြေရှုပ်နေတဲ့ကောင်
သက်ပြင်းချလိုက်ပြီး TV ပြန်ပိတ်ကာ အပြင်ထွက်လာခဲ့လိုက်သည်.... ခြေလှမ်းတွေက မင်္ဂလာပွဲကျင်းပမည့်နေရာသို့
ထိုနေရာရောက်တော့ အမောဆို့ချင်သလိုတောင်ဖြစ်သွားတယ် သကောင့်သားက Jiji နဲ့ပူးပူးကပ်ကပ်ရှိနေပြေား ဘာတွေပြောပြီးသဘောကျနေမှန်းမသိ
ဒါများဟိတ်ကြီးဟန်ကြီးနဲ့ သီတင်းသမားတွေကို ငေါက်ငမ်းလို့ ကိုယ်တိုင်ကျအနေအထိုင်မဆင်ခြင်
ဒီကောင့်ကြည့်ပြောနေလို့ ကျွန်တော့်မယားအိမ်သူသက်ထားချစ်ဇနီးကို အပြစ်မမြင်လေဘူးမပြောလေနဲ့ နဲနဲတော့တင်းတာပေါ့
ဒီလောက် ဒီလောက်ခန့်ငြားတဲ့ယောက်ျားရထားတာတောင် တစ်ခြားယောက်ျားတွေနဲ့ရင်းရင်းနှီးနှီးနေနိုင်သေးတယ်
မဖြစ်ခြေဘူး ကိစ္စကိုအမြန်ရှင်းမှဖြစ်ပေတော့မယ်
ကိုယ့်အတွေးနဲ့ကိုယ်တော့ ဟုတ်နေတာ ပြီးမှသောက်တလွဲတွေကြည့်
ခပ်တည်တည်နဲ့ Jiji နားကပ်သွားပြီး
"Jiji.... ကိုယ်ဘာဝိုင်းကူပေးရဦးမလဲ"
"ရတယ် Oppa.... အေးဆေးအနားယူနေ Myung Soo ကူပေးနေတယ် မလိုတော့ဘူး"
မော့တောင်မကြည့်ပဲပြောလာတဲ့ Jiji စကားကြောင့် ရင်ထဲအင့်ခနဲ
ဘာသဘောလဲ... လူကိုရွဲ့တာလား.... ဂါး....
ဂျယ်လီနင်ပြီး ပြန်လာခဲ့ရပေမယ့်စိတ်တွေ ဂဏှာမငြိမ်
အခန်းထဲ ဟိုလျှောက်သည်လျှောက် လျှောက်လိုက် ဖုန်းကြည့်လိုက် TV ဖွင့်လိုက် အပြင်ထွက်လာလိုက် အခန်းထဲပြန်ဝင်လာလိုက်နဲ့
စိတ်တွေစုစည်းမရတဲ့အဆုံး အိပ်ဆေးတစ်ခြမ်းသောက်ကာ အိပ်လိုက်မှပဲ အဆင်ပြေတော့သည်