One shot

6.4K 762 14
                                    

" I feel You , I see You "






" ကဒ်! "

ဒါရိုက်တာဆီက အချက်ပေးသံကြောင့် ဇာတ်ဆောင်မိန်းကလေးရဲ့ ပါးပြင်ကိုထိလုထိခင်အခြေအနေမှာပဲ သူ အရှိန်သပ်လိုက်တယ်၊ ချက်ချင်းပဲ သူ့နားကို ၀ိုင်းလာတဲ့ မိတ်ကပ်ဆရာတွေ၊ Hair stylist တွေ၊ မန်နေဂျာလက်ထောက်တွေက ပင်လယ်ရေကြောင့်စိုရွဲနေတဲ့ သူ့ခန္ဓာကိုယ်ကို တဘတ်နဲ့ခြုံပေး၊မိတ်ကပ်သားပြန်ပြင်ပေး၊ဆံပင်ပြန်သပ်ပေးလုပ်ကြတယ်၊ ဇာတ်ဆောင်မင်းသမီးလေးကတော့ သဲပြင်ပေါ်လှဲနေရာကနေ ထလာရင်း သူ့လက်ထောက်ဆီကနေ တဘတ်လေးကို ကမ်းယူတယ်၊

" ၀မ်ရိပေါ် ရေ.. အချစ်ကိုခံစားလေကွာ
မချစ်ဖူးဘူးလား "

အနားကနေ ပွစိပွစိလာရွတ်တဲ့ လက်ထောက်ဒါရိုက်တာကြောင့် နဂိုကတည်းက စိတ်ရှုပ်နေတဲ့ ရိပေါ် ရဲ့ မျက်နှာက ခပ်ဂျစ်ဂျစ်ရုပ်ထွက်လာတယ်၊ အတူသရုပ်ဆောင်တဲ့မိန်းကလေးကတော့ စူပုတ်နေတဲ့ ရိပေါ် နဲ့ စိတ်ညစ်သောကရောက်နေတဲ့ လက်ထောက်ဒါရိုက်တာကို တစ်လှည့်စီကြည့်ရင်း ခစ်ခနဲရယ်လေတယ်၊

" နမ်းတာလေးပဲကို၊ လူစားထိုးပေးလို့မရဘူးလား"

မိုးကျရွှေကိုယ်မင်းသားလေးရဲ့ စကားကြောင့် ဒါရိုက်တာ သွေးတက်ချင်သွားတယ်၊ ဟုတ်ပါတယ်.. သခင်လေးရယ် နမ်းတာလေးပဲဆိုရင်တော့ လူစားထိုးဖို့လွယ်တာပေါ့၊ ဒါပေမဲ့ ကိုယ်ချစ်နေရမဲ့ မိန်းကလေးကို တစ်ခါလောက်ပဲဖြစ်ဖြစ် ကြင်ကြင်နာနာလေး ကြည့်ပေးဖို့ မရဘူးလားဟင်၊ ကျွန်တော်မျိုးတို့လည်း ပြောရတာ မောလှပါပြီ၊

ငိုချင်နေတဲ့ လက်ထောက်ဒါရိုက်တာကို မသိချင်ယောင်ဆောင်လိုက်တဲ့ ရိပေါ် က ဟိုဟိုသည်သည်လျှောက်ကြည့်နေတုန်းမှာပဲ သူ မတ်တပ်ရပ်နေတဲ့နေရာနဲ့ မလှမ်းမကမ်းသဲသောင်ပေါ်မှာ ငုတ်တုတ်လေးထိုင်ပြီး ပင်လယ်ဘက်ကို ငေးနေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်၊

အောက်ခံတီရှပ်အဖြူကိုမှ ပြာနုရောင်အပေါ်ဝတ်အကျီလေးကို ထပ်ဝတ်ထားပြီး လက်ခေါက်တင်ထားတဲ့ ထိုလူရွယ်က အောက်ပိုင်းကလည်း အဖြူရောင်ဘောင်းဘီဒူးဖုံးလေးသာ ၀တ်ထားတယ်၊ ခပ်ကြမ်းကြမ်းတိုက်နေတဲ့ လေစိမ်းတွေကြောင့် ဆံပင်အနက်ရောင်လေးက တဖွာဖွာလွင့်နေသည့်တိုင် အဲ့ဒီ့လူငယ်က သူ့ရဲ့အနီးမှာ ဆူညံနေကြတဲ့ ရိုက်ကွင်းဝန်ထမ်းတွေကိုရော၊ ချမ်းအေးလွန်းတဲ့ရာသီဥတုကိုရော ဥပက္ခာပြုလို့နေတယ်၊

I feel You , I see You [ one shot ] [ Zaw X UNI ]Where stories live. Discover now