Part..(🖤❤️)

1.4K 105 38
                                    

Fell in love deeply~~~🖤❤️

"Perth..ပြန်လာပီလား"

အခန်းတံခါးဘောင်ကို မှီရင်းမတ်တတ်ရပ်နေသော Perthအား လှည့်ကြည့်ပြုံးပြပီး ရှေ့တည့်
တည့်ပြန်လှည့်သွားသော Saint...

Perthရောက်တာကြာပီ ဖြစ်ပေမဲ့ စာကိုပဲ စိတ်နှစ်ပီး လုပ်နေသော ...သူ့အားသတိမထားမိသော...ကျောပြင်ကျယ်ကို ငေးကြည့်နေမိခြင်း...

အရင်ကလဲ..သူဒီကျောပြင်ကျယ်ကို ငေးဖူးပါသည်..အဲ့တုန်းက ငယ်က P'Bow တယောတီးတာကိုနားထောင်ပီး ငိုနေခဲ့တာ....အင်း..ဒါဟာလဲ
Baifernဆိုတဲ့ P'နဲ့သက်ဆိုင်ပါလိမ့်မယ်...

ခုကော....ငယ် တကယ်ပဲ သူမကို မေ့သွားပီလား....မေးဖို့မလိုအောင် သူသိနေပေမဲ့ တခါတလေလဲ သူကြောက်ပါသည်...အချစ်ဦးကို ဘယ်သူက တော်ရုံမေ့ပါ့မလဲလေ....

"ဘာရပ်လုပ်နေတာတုန်း"

အသံနဲ့အတူ ဘယ်တုန်းကအနားရောက်လာလိုက်မှန်းမသိတဲ့ ငယ့် ကိုယ်လုံးပြည့်ပြည့်လေးဟာ သူ့ရင်ခွင်ထဲတိုးဝင်ခိုကပ်လာတော့ တချက်ပြုံးကာ နှာဖျားဝ,နားက ဆံသားအိအိလေးတေကို နမ်းလိုက်မိသည်.....

ရင်ခွင်ထဲရောက်နေတာကိုပဲ စိုးရိမ်နေသလား Perth tanaponဟု ကိုယ့်ကိုယ်ကိုယ် လှောင်ချင်မိသွားသည်.....သူ့ရင်ဘတ်ပေါ် ကပ်ထားတဲ့ ပါးဖောင်းလေးက ပြုံးနေမှာကို တွေးမိတော့ ကိုယ်လုံးလေးကို တိုးဖက်ရင်း မချင့်မရဲ ဖျစ်လိုက်မိသည်......

သူ့ခါးကို ဖက်ထားတဲ့ လက်ချောင်းဖောင်းဖောင်းလေးတေဟာ အမြဲရဲနေတတ်တာ တွေးမိပြန်တော့ အချစ်ပိုရပြန်သည်....

တကယ်ပါ ငယ်ရဲ့အရာရာအားလုံးက သူ့အတွက်ဆွဲဆောင်မှု သိပ်ရှိလွန်းနေတာကို ၀န်ခံပါသည်...။

"လွမ်းနေတာ... ငါ့ကို အကြာကြီးထားသွားတယ် အမဲကောင်"

နည်းနည်းလေး ဖီးလ်မလို့ရှိသေး လူကိုမဲ့ရွဲ့ပီး ရန်တွေ့ခြင်း စ,တင်ပါပီ ...မနက်ဖြန် စာမေးပွဲဖြေရမှာမို့ maeက ဘုန်းဘုန်းဆီက အဆောင်တောင်းပေးထားတယ်ဆိုပီးခေါ်တာနဲ့ သွားယူတာ ...

"တ‌စ်ရက်တည်းကို ငယ်ကလဲ"

"အော် အော် ဒါဆို ငါကပဲ တဖက်သတ် အပိုတေလုပ်ပီး လွမ်းပြနေတယ်ပေါ့ ဟုတ်လား"

Be in love❤️🖤Where stories live. Discover now