Zawgyi
ဒီနေ့ရိပေါ်နဲ့ရှောင်းကျန့် စေ့စပ်လိုက်တယ် အစက ဘွားဘွားက ချက်ချင်းလက်ထပ်ပေးမလို့ ရိပေါ်နဲ့ရှောင်းကျန့်က အခုမှ အထက်တန်းနောက်ဆုံးနှစ်ဘဲရှိသေးတာမလို့ စေ့စပ်ရုံလောက်ဘဲ လုပ်ထားလိုက်တယ်။
မှတ်မိသေးတယ် အရင်တပတ်က ဘွားဘွား မိသားစုအစည်းအဝေးပွဲဆိုပြီး ခေါ်လိုက်တဲ့နေ့က.....(နောက်ကြောင်းပြန်မယ်နော်)
''ဗျာ!!!''
''ရှင်!!!''
အခန်းထဲက ရှိသမျှလူအကုန်လန့်ပြီး မတ်တပ်ရပ်လိုက်ကြတယ်။
ဟိုရှောင်းကျန့်ဆိုတဲ့အဖေနဲ့အမေကလွှဲလို့ပေါ့ ရိပေါ်ချက်ချင်းရိပ်မိလိုက်တယ်။
သူတို့ဘာလိုချင်တာလည်းဆိုတာ ရိပေါ်သိလိုက်ပြီလေ 'ပိုက်ဆံ' ဒါမှမဟုတ် 'အာဏာ'ဘဲပေါ့။ရိပေါ် အစတုန်းကအံသြပြီးလန့်သွားပေမယ့် အခုသူတို့လိုချင်တာဘာလည်းဆိုတာသိတော့ အေးဆေးထိုင်ခုံပေါ်ပြန်ထိုင်ပြီး ဘွားဘွားကိုပြောလိုက်တယ်။
''ကျွန်တော်ကလက်မထပ်ချင်ဘူးဆိုရင်ရော''
''အိမ်ရှေ့စံရာထူးကိုစွန့်လွှတ်လိုက်''
''ဟက်!!!''
ရိပေါ်ခပ်ထေ့ထေ့ပြုံးလိုက်ပြီး မက်တပ်ရပ်လိုက်တယ် နောက်ပြီး အခန့်တံခါးဝရှိကိုလျှောက်သွားပြီး တံခါးဖွင့်ခါနီးမှာ ပြောလိုက်တယ်။
''အိမ်ရှေ့စံရာထူးကို မစွန့်လွှတ်ချင်ရင် လက်ထပ်ရမယ်ပေါ့ အဲ့ဆိုကျွန်တော် သူ့ကိုလက်ထပ်မယ် ဒါပေမဲ့ ဘယ်တော့မှသူ့ကိုချစ်လာမှာ မဟုတ်ဘူး"
ရိပေါ်ပြောပြီးတာနဲ့ထွက်လာခဲ့တယ် သူ့အတွက် ကျွန်တော်ချစ်ခြင်းတွေပေးမှာမဟုတ်ဘူး။
(နောက်ကြောင်းပြန်တာပြီးပြီးနော်)
အဲ့နေ့တုန်းက မယ်မယ်မရမကတောင်းဆိုလို့သာ လက်မထပ်ပေးဘဲ အခုလို စေ့စပ်ပွဲဘဲလုပ်လိုက်တာ။
စေ့စပ်ပွဲကိုလည်း လူအများကြီးမဖိတ်ပါဘူး အရေးကြီးတဲ့လူကြီးတွေလောက်ဘဲ ဖိတ်ပြီး ပွဲစီစဉ်လိုက်တယ်။
ရိပေါ် ပွဲပြီးတာနဲ့ချက်ချင်း သူ့အဆောင်ကိုပြန်လာခဲ့တယ်။
YOU ARE READING
ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )
FanfictionYizhan💕 (Zawgyi/ Unicode)