Intro

8.1K 357 16
                                    

Zawgyi Version

စစ်ဝူ ပျင်းနေ၏။ စာမေးပွဲလည်းပြီးရော ကျောင်းလည်း ပိတ် ၊ ကျူ ရှင်လည်း ပိတ်။
ဆိုတော့ကား " ပျင်းတယ် " ဟုအသံဆိုးကြီးနဲ့ အော်ဟစ်ကာ သူကိုယ်တိုင်ကလည်း
ဘာမှ ထမလုပ်။

စစ်ဝူ ဘယ်လောက်ထိ ပျင်းသလဲဆို အိပ်ရာထနောက်ကျလွန်းလို့
မနက်စာကိုတောင် နေ့လည်စာနဲ့ ပေါင်းစားတာမျိုး။

သူ့အဖေနဲ့အမေကတော့ မနိုင်တော့လို့ စစ်ဝူကို လွှတ်ထားလိုက်ရတော့သည်။

" မင်္ဂလာပါ။ host. "

စစ်ဝူ ဘယ်ကမှန်းမသိတဲ့ စက်ရုပ်လိုအသံကြီးကြောင့် လန့်ဖြန့်သွားရသည်။
သရဲများ ခြောက်တာလား ! ဒါမှမဟုတ် ဟိုမအေဘေး သူငယ်ချင်းကောင်တွေပဲ
စတာလား !

" ကျွန်တော်က Bone-lazy system 001 ပါ။ host ရဲ့ပျင်းတယ်ဆိုတဲ့
စကားသံကြောင့် ဒီကိုရောက်လာခဲ့တာပါ။ "

စစ်ဝူ အခုမှ နည်းနည်းအကြောက်ပြေသွားသည်။ ဒီလိုမျိုးတွေက သူ့သူငယ်ချင်းမ
ဖူဂျိုရှီ တရုတ်မ ဟွားဟွားဆီမှာ ကြားဖူးနေကျ။

" အဲ့တော့ ငါက ဘာလုပ်ရမှာလဲ ။ လက်ခလယ်ပဲယူ ။ ကွကိုယ် ပျင်းလို့
ပျင်းတယ်အော်နေတာကို system ကလာရသေးတယ်လို့။ "

system ကစိတ်တိုသွားဟန်ဖြင့် " host တစ်ယောက်တည်း ပျင်းတာမဟုတ်ဘူး။
ကျွန်တော်လည်း ပျင်းတာပဲ။ အခုတောင် system ရုံးချုပ်က ဋ္ဌာနမှူးရဲ့
အမိန့်ကြောင့်သာ host ကိုလာခေါ်တာ ! "

ဆောင့်ကြီးအောင့်ကြီးနဲ့ပြောချလာတဲ့ system ကြောင့် စစ်ဝူလည်း အိပ်ရာထက်မှာ လဲနေရင်း မျက်လုံးလေးကလယ်ကလယ်နှင့်
မမြင်ရတဲ့ system ကို * system ကသောက်ချေကြီးဟ * ဟုတွေးမိသည်။

" အဲ့တာဆို ငါ....သေသွားမှာလားဟင် ? " အဖျားတို့ တုန်ခတ်ကာ မေးသံလေးကြောင့် system လည်းစိတ်ပြေသွားပြီး

" သေတော့မသေပါဘူး။ မစ်ရှင်မပြီးရင် အဲ့ပုံရိပ်ယောင်ကမ္ဘာတွေမှာ တစ်သက်လုံး
နေရရုံလေးပါဘဲ ။ "

စစ်ဝူ စိတ်အေးသွားမည်ကြံကာ ရှိတုန်း system ရဲ့နောက်ဆက်တွဲစကားကြောင့်
" ဘာ ! "ဟုထအော်လိုက်သည်။

BONE-LAZY SYSTEM [ Owncreation ]Where stories live. Discover now