4K 69 0
                                    

💛 Love is accidental 💛

အပိုင်း ၁

" ဒီရင်ခွင် "

ကျွန်တော် စားပွဲပေါ်မှာတင်ထားတဲ့ အရက်ခွက်ကို ကောက်ယူပြီး သောက်မလို့ဟန်ပြင်နေတုန်း ကျွန်တော့်နာမည်ကို ခေါ်လိုက်တဲ့ မိန်းကလေးအသံ ချွဲချွဲနွဲ့နွဲ့ကို ကြားလိုက်ရတာကြောင့် အသံပိုင်ရှင်ကို မျက်လုံးမှေးပြီး မော့ကြည့်လိုက်တယ် ။

" ဒီရင်ခွင် "

အခုတစ်ခါမှာတော့ အဲ့ဒီမိန်းကလေးက ကျွန်တော့်နာမည်ကို ခေါ်ပြီး ကျွန်တော့် ဘေးနားမှာ လာဝင်ထိုင်တယ် ။

" အင်း … ပြော "

အဲ့ဒီမိန်းကလေးကို ကျွန်တော် ပြန်ထူးပြီး ခွက်ကိုကောက်မော့လိုက်တယ် ။

" တို့နာမည် နိုရာ … ကိုဝေကြီး က ရှင့်ကိုအဖော်လုပ်ပေးလိုက်လို့မှာလိုက်လို့ "

နိုရာ့ စကားကိုကြားတော့ ကျွန်တော် ပြုံးလိုက်မိတယ် ။

" ဆောရီး … ငါဒီနေ့အိမ်ပြန်ရမှာ … အဖော်မလိုဘူး "

ကျွန်တော့် စကားအဆုံးမှာ နိုရာ့ မျက်နှာ ကွက်ကနဲပျက်သွားတာကို ကျွန်တော် တွေ့လိုက်တယ် ။ အဲ့ဒါကြောင့် ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ ပိုက်ဆံအိတ်ထဲကနေ တစ်သောင်းတန် သုံးလေးရွက်လောက်ကို နိုရာ့ လက်ထဲ ထည့်ပေးလိုက်တယ် ။

" ဒီလောက်ဆို မင်းလုံလောက်မှာပါ "

လက်ထဲပိုက်ဆံရောက်သွားတော့ နိုရာ က စောစောက ကျွန်တော့် အနားမှာ အတင်းကပ်နေတဲ့ နိုရာ နဲ့ လုံးဝမတူတော့အောင် သွက်သွက်လက်လက်ပဲ ကျွန်တော့် ဘေးက ထသွားတယ် ။

🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁

" ဒီရင်ခွင် "

အိမ်ထဲရောက်ရောက်ချင်း ကျွန်တော့် နာမည်ကို ဒေါသသံနဲ့ခေါ်လိုက်တဲ့ ဖေဖေ့အသံကို ကြားလိုက်ရတာကြောင့် ကျွန်တော် ရောက်တဲ့နေရာမှာ သတိဆွဲပြီး မတ်တပ်ရပ်လိုက်တယ် ။

" ဟေ့ကောင် … မင်းအိမ်ပြန်လာတဲ့အချိန်ကိုကြည့်အုံး … မနက်သုံးနာရီထိုးနေပြီ … မအိပ်ပဲမင်းပြန်အလာကိုစောင့်ပြီး တံခါးဖွင့်ပေးနေတဲ့ မင်းအဖွား နဲ့ မင်းအမေ ကို မသနားဘူးလား "

💛 Love is accidental 💛 (20)Where stories live. Discover now