1 :)

22.2K 951 11
                                    

Zawgyi

' သူ သူ  ကျွန်တော့်ကို ကို ဟို . .ဟို .'
ရဲစခန်းသို့ အမှုလာတိုင်ရသော ဇီရွှမ်းမှာ တစ်ကိုယ်လုံးတုန်ယင်ကာ လက်ဖျားများပင်အေးစက်နေသည်

လာသာတိုင်ရသည် သူ့ကိုငြိုးထားမှာတော်တော်ကြောက်သည်
သူတိုင်ရသည့်သူကလည်း ကျောင်းရဲ့ဖိုက်တာ နာမည်ကြားတာနဲ့ တကိုယ်လုံးတုန် ဖင်ပါတုန်ရသော ဝမ်ရိပေါ်ပင်မဟုတ်လား 

လွန်ခဲ့သောနာရီဝက်ခန့်က - - -

ဘာအကြောင်းမှမရှိဘဲ သူအိမ်ပြန်လမ်းမှာဝမ်ရိပေါ်ဟာ ရပ်စောင့်နေပြီး သူ့ကိုလက်သီးနှင့်ပိတ်ထိုးလိုက်သည် ဒါပေမဲ့သိပ်မပြင်းပါ
သူများတွေပြောတာတော့ ဝမ်ရိပေါ် လက်စာတစ်ချက်မိပြီးရင်တပတ်လောက်က ခေါင်းတောင်မထောင်နိုင်တော့ချေ ဟုပြောကြသည်
သို့ပေသိ ဇီရွှမ်းအရမ်းလန့်သွားမိတာအမှန်ပင်  ဝမ်ရိပေါ်တို့အဖွဲ့နှင့်မငြိအောင် သူ့ဘာသာတတ်နိုင်သလောက်ဝေးဝေးရှောင်သည်

အခုဘာကြောင့်ဒီလိုလုပ်မှန်းမသိ
သူ့ကိုထိုးပီးတာနဲ့ ဝမ်ရိပေါ်က ဇီရွှမ်းလက်ကိုစောင့်ဆွဲကာ ရဲစခန်းသို့ဦးတည်လာခဲ့သည်
' ဝမ် ဝမ်ရိပေါ် ငါမင်းကိုဘာအမှားလုပ်မိလို့လဲ'

' ငါ့ကိုတိုင်လိုက်'
' ဟန်  ငါ ငါမင်းကိုအပြစ်မယူပါဘူး ငါပြန်တော့မယ်ကွာလွှတ်ပါနော် ငါဒီကိစ္စအတွက်မင်း မင်းကို အပြစ်မယူပါဘူး ခွင့်လွှတ်တယ်ကွာငါ့ကိုလွှတ်ပေးပါ'

ဝမ်ရိပေါ်က ဇီရွှမ်းလက်ကောက်ဝတ်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားသောကြောင့် ရုန်းရင်းရုန်းရင်းနဲ့လက်ကောက်ဝတ်ဖြူဖြူလေးက နီရဲကျန်းစပ်လာသည်

' ကျစ် မင်းကို ဘယ်သူကခွင့်လွှတ်ခိုင်းနေလည်း ငါကတိုင်ဆိုတိုင်လိုက် သွား '
ရဲစခန်းသို့ အတင်းကိုတွန်းလွှတ်နေသည်

- -
ကဲ ပြဿနာကအဲ့ကစတာဘဲ
ကျွန်တော်ဇီရွှမ်း ဘာများလုပ်မိလို့လဲဗျာ
သူ့ကိုရဲစခန်းတိုင်တော့ သူ့အဖွဲ့ကကောင်တွေကငြိမ်ခံနေမလား ကျတော့်ကို ဝိုင်းသမကြမှာသူတို့ဆရာကြီးကိုရဲစခန်းပို့လို့ဆိုပြီး

ကျွန်တော်ကျေအေးပေးတယ်ပြောတာကို အတင်းကိုရဲတိုင်ခိုင်းနေတယ်ဗျာ :(

''ဝေါ်အိုက်နီ''  [Complete]Where stories live. Discover now