ဒီလိုနဲ့ ကိုးတန်းစာမေးပွဲပြီးတဲ့နွေကျောင်းပိတ်ရက်မှာ ကျွန်မတို့ဆယ်တန်းအတွက်ကျောင်းပြန်စတက်ခဲ့ရတယ် ကျွန်မကbioတွဲယူပြီး သူက Ecoတွဲယူတော့ bioချိန်မှာ သူနဲ့ကျွန်မအခန်းကွဲသွားခဲ့တယ်ဘကျန်တဲ့subjectတွေမှာတော့ အခန်းတူတူပေါ့
စာတွေကလည်းအရမ်းခက်လာတော့ ကျွန်မစာထဲကိုပဲအာရုံစိုက်ဖြစ်ခဲ့တယ်
မနက်ခင်းစာသင်ချိန်ဆို အရမ်းပင်ပန်းပြီးခနခနအိပ်ငိုက်ခဲ့တာပေါ့
သူကျွန်မကိုကြိုက်နေတယ်ဆိုတာလည်း တကျောင်းလုံးက သိလာခဲ့တယ် ဆရာဆရာမတွေဆို ကျွန်မတို့နှယောက်ကိုသတိထားပြီးကြည့်ကြတဲ့အထိပေါ့
ဒါပေမယ့်ကျွန်မ အဆင့်တစ်နေရာကို အရမ်းမက်မောတော့ စာကိုပဲအရမ်းလုပ်ခဲ့တယ်
သူ့ကို အရင်ကလိုဂရုတစိုက်မကြည့်မိတော့တဲ့အထိ ကျွနိမစာပဲလုပ်ခဲ့တယ်
မနက်ခြောက်နာရီကနေ ညဆယ့်နှစ်ခွဲထိ ကြားမှာ 2နာရီခွဲလောက်ပဲနားပြီး စာလုပ်ခဲ့တယ်
ဒါကြောင့် ကျွန်မအမြဲအဆင့်တစ်နေရာကမပြုတ်ခဲ့ဘူး
သူ့သူငယ်ချင်းတွေပြောပြတာကတော့
သူကျွန်မကိုအဲ့တုန်းကလည်း စာသင်ခန်းနှစ်ခုခြားထားတဲ့လိုက်ကာကြားကနေ ကျွန်မစာလုပ်နေတာကို ခိုးခိုးကြည့်နေခဲ့တယ်တဲ့
ကျွန်မကတော့ ဆရာဝန်ဖြစ်ချင်တဲ့အတ္တနဲ့ သူ့ကိုရှောင်နေခဲ့တယ်
အရင်နှစ်ကဆယ်တန်းတွေရဲ့အောင်စာရင်းတွေထွက်ပြီးနောက်ပိုင်း repeaterတွေကျွန်မတို့ကျောင်းကိုရောက်လာတဲ့အချိန်ကစပြီး ကျွန်မတို့နှယောက်ရဲ့အခြေနေကိုလှုပ်ခတ်လာစေတယ်
Repeaterတွေထဲမှာ ချောချောလှလှ အမလေးတယောက်ပါလာတယ် အဲ့အမလေးကို ကောင်လေးတွေအကုန်ဝိုင်းကြိုက်ကြတဲ့အထိ အဲ့အမကpopularဖြစ်ခဲ့တယ်
ပြီးတော့ အဲ့အမကecoတွဲမလို့ သူနဲ့အခန်းတူတူသင်ရတယ်
ကျွန်မအနေနဲ့ အဲ့အမလေးကို ကြိုက်တဲ့သူတွေထဲ သူများပါမလားဆိုပြီး လန့်သွားခဲ့တယ်
ကျွန်မတို့နဲ့တူတူနေတဲ့အခန်းဖော် repeaterအမတယောက်က ကျွန်မတို့နှယောက်ကြောင်းကိုသိပြီး သွေးဝင်ထိုးတယ်
သူနဲ့ popularဖြစ်နေတဲ့အမက ငြိနေကြတယ်
သူတို့နှယောက်ကရည်းစားတွေဖြစ်တော့မှာဆိုပြီး ကျွန်မကိုဂုန်းတိုက်ခဲ့တယ်
အာ့ကြောင့် ကျွန်မသူနဲ့ဖြစ်တဲ့အဲ့အမကိုမုန်းတဲ့အထိ ဖြစ်သွားတယ်
ဘယ်လောက်ထိမုန်းခဲ့လဲဆို အဲ့အမရဲ့ပုခုံးကိုတမင်ဝင်တိုက်ပစ်ပြီး မတောင်းပန်ဘဲထွက်လာခဲ့တာ
ကျွန်မအဲ့လောက်ထိ လူတယောက်ကို ကိုယ်ထိလက်ရောက်လုပ်မိတာ သူ့အတွက်နဲ့ပဲ
YOU ARE READING
One sided Love
Romanceကောင်လေးတယောက်ကို တဖက်သတ်ချစ်နေရတဲ့ ခံစားချက်ကို ကိုယ်တိုင်စီးမျောပြီး အဲ့လိုအချစ်မျိုးနဲ့လူသားတယောက်ကိုချစ်ချင်လာမယ့်ခံစားချက်ပေးတဲ့ တဖက်သတ်အချစ်