♥Unicode♥
တစ်ညလုံးကလေးပျောက်ရှာပုံတော်ဖွင့်ရင်း... ဟိုတယ် အပြင်ရောအတွင်းပါနှံ့အောင်လိုက်ရှာပေမယ့်မတွေ့ ညဥ့်ဆယ်နာရီပဲကျော်နေပြီ အခန်းထဲများပြန်ရောက်နေလားဆိုပြီး အခေါက်ခေါက်ပြန်ရှာရတာလဲအမော....
မောမောနဲ့ ဟိုတယ်ရှေ့ကခုံပေါ်ခြေပစ်လက်ပစ်ထိုင်လိုက်ရင်း လက်ထဲကဖုန်းလေးကတုန်ခါလာလေရဲ့....။
"Hello。。。。"
နံပါတ်မကြည့်ဘဲ စိုးရိမ်တကြီးကိုင်လိုက်ပေမယ့် တစ်ဖက်ကအော်သံကြောင့် နားနဲ့ဖုန်းကိုခွာလိုက်ရသည်။
"Hyung.... Jiji ကိုခုလာခေါ်...."
"ဟင်... Jiji ကမင်းတို့အခန်းထဲမှာလား"
ဟုတ်သား.... အာရုံတွေထွေပြားပြီး Kook နဲ့ Tae ကိုမေ့နေတာ.... နေပါဦး ဒီကောင်ကဘယ်အချိန်ကစပြီး ငါ့ကိုအော်တတ်သွားတာလဲ တွေ့မယ်။
ခြေလှမ်းကို Kook တို့အခန်းဘက်မပြေးရုံတမယ်ခပ်သုတ်သုတ်လျှောက်သွားလိုက်သည်။ ရောက်တော့ အခန်းတံခါးပင်ခေါက်စရာမလို အခန်းပေါက်ဝမှာ Kook ကော Tae ကော Jiji ကိုတွဲရက်စောင့်နေသည်....
ခေါင်းစုတ်ဖွားနဲ့ မျက်နှာတွေရဲစပ်ပြီးပါးစပ်ကလဲဘာတွေရေရွတ်နေမှန်းမသိ.... ။ဘယ်လောက်တောင်သောက်ထားလို့ ဒီပုံစံဖြစ်နေတာပါလိမ့်... ။ Jiji ကိုဆွဲခေါ်လိုက်ပြီး....
"ဘာလို့ဒီလောက်တောင်သောက်ထားတာလဲ မင်းတို့ကမတားဘူးလား"
"ဘယ်တုန်းကတားလို့ရဖူးလို့လဲဗျာ Hyung မသိတာလဲမဟုတ်ဘဲနဲ့"
"အေး.... သူကဘာဖြစ်နေတာလဲ"
"အသည်းကွဲနေလို့တဲ့ Hyung ကသူ့ကိုဂရုမစိုက်ဘူး မချစ်ဘူးဆိုပြီး မနက်ကတည်းကဒီအခန်းထဲလာသောက်နေတာ ဘယ်လိုနှင်နှင်နှင်လို့ကိုမရဘူး"
"ဒါကိုမင်းကအစတည်းကငါ့ဘာလို့မပြောတာလဲ လဒရဲ့ ခုမှပြောရလား"
"ရော... Hyung.ကိုပြောရင်သတ်ပစ်မယ်ဆိုပြီး တစ်ချိန်လုံးချိန်းခြောက်နေတာ ဘယ်သူကပြောရဲမှာလဲ ခေါ်သွားတော့ဗျာ "
ခေါင်းကုတ်ပြီး တံခါးစောင့်ပိတ်လိုက်တဲ့ Kook ကြောင့် ဒေါသထွက်သွားပြီး