Part 4

9.3K 844 10
                                    

Zawgyi

ရှောင်းကျန့် ဒီနေ့ကျောင်းတက်ရမယ့်နေ့မလို့ မနက်စောစောထပြီး လိုအပ်တာတွေသေချာပြင်ဆင်နေလိုက်တယ်။
ဘာလို့လည်းဆိုတော့ မနေ့တုန်းက ဘွားဘွားကပြောတယ် မင်းသားလေးရိပေါ်နဲ့ကျောင်းအတူတူသွားရမယ်တဲ့ အဲ့ဒါကြောင့် နောက်ကျရင် မင်းသားလေးစိတ်ခုမှာစိုးလို့ ရှောင်းကျန့် စောစောထပြီး ပြင်ဆင်ထားတာ။

မင်းသားလေးကတော့ အခုထိခုတင်ပေါ်မှာ အိပ်နေတုန်း။  ကျောင်းသွားဖို့ အချိန်လည်းနီးနေပြီမလို့ ရှောင်းကျန့် အရဲစွန့်ပြီး မင်းသားလေးနားသွားလိုက်တယ်။
မင်းသားအိပ်နေတဲ့ပုံစံကို ကြည့်ပြီး ရှောင်းကျန့်မျက်နှာမှာအပြုံးခပ်ရေးရေးလေး ပေါ်လာတယ်။
အရမ်းချောပြီး အိပ်နေတဲ့ပုံလေးက ချစ်စရာကောင်းတယ် မင်းသားလေး။

ရှောင်းကျန့် မင်းသားလေးကိုတစိမ့်စိမ့်ကြည့်နေတုန်း အပြင်ကခေါ်သံကြားမှ သတိဝင်လာတယ်။
အိပ်ယာပေါ်က မင်းသားလေးကလည်း မျက်ခုံးတွန့်ချိုးပြီး မျက်လုံးတဖြည်းဖြည်းဖွင့်လာတာကြောင့် ရှောင်းကျန့် အမြန်ပြေးပြီး တံခါးသွားဖွင့်လိုက်တယ်။

''ကြင်ယာတော်မင်းသားလေးရှင့် မယ်တော်ကြီးက နံနက်စာသုံးဆောင်ဖို့ အခေါ်လွှတ်လိုက်ပါတယ်ရှင့် နောက်ပြီး အိမ်ရှေ့စံမင်းသားလေးကို တခါတည်းခေါ်ခဲ့ဖို့ ပြောလိုက်ပါတယ်''

''ဟုတ်ကဲ့ လာခဲ့ပါ့မယ်''

ရှောင်းကျန့် လာခေါ်တဲ့အစေခံကောင်မလေးကို ရိုရိုသေသေဘဲပြန်ပြောလိုက်တယ်။
သူနန်းတွင်းထဲက အခေါ်အဝေါ်တွေကိုမရင်းနှီးသေးဘူးလေ။

ရှောင်းကျန့် အဲ့ကောင်မလေးထွက်သွားတာနဲ့ တံခါးပိတ်ပြီး ဒီဘက်လှည့်လိုက်တော့ နောက်မှာရပ်နေတဲ့ ရိပေါ်ကြောင့် လန့်သွားတယ်။

''အမယ်လေး''

''ငါ့ရုပ်က လန့်စရာကောင်းနေလို့လား"

"မ...မဟုတ်ပါဘူး''

''ရေချိုးလိုက်အုန်းမယ် ငါ့အတွက်အင်္ကျီထုတ်ထားပေး ကျောင်းဝတ်စုံနော်''

''ဟုတ်ကဲ့''

ရိပေါ် ရေချိုးခန်းထဲဝင်သွားမှ ရှောင်းကျန့် သက်ပြင်းချမိတယ်။

ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )Donde viven las historias. Descúbrelo ahora