အပိုင်း - 9
1.7K 193 7
     ဒီရက်ပိုင်းအတွင်းမှာပင် He Xuan ဟာ စိတ်ဓာတ်ကျတဲ့ခံစားချက်ကို အပြင်းအထန်ခံစားလိုက်ရသည်။ ကိုယ့်ကိုကိုယ် အမျိုးမျိုးအသွယ်သွယ်သော နည်းလမ်းအစုံဖြင့် သတ်သေရန်ကြံစည်နေသောချစ်ရသူကြောင့် မျှော်လင့်ချက်ပင်မဲ့နေပြီဖြစ်သည်။
     ရုန်းကန်ထားတဲ့ ခြေလက်အစုံဟာ ပွန်းပဲ့ဒဏ်ရာတစ်ချို့ကြောင့် သွေးစို့နေ၏။ နှုတ်ခမ်းပါးဖြတ်ကာစည်းနှောင်ထားတဲ့ ပိုးစမှာလည်း စိုထိုင်းစပြုနေပြီဖြစ်သည်။ သေချာတာတစ်ခုကတော့ ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ် He Xuan သူ့ကိုထွက်သွားခွင့်ပြုမည်မဟုတ်ပေ။
     He Xuan သူ့ကိုစူးရဲစွာကြည့်နေတဲ့ Qing Xuan နားကိုတဖြေးဖြေးချင်းလျှောက်သွားလိုက်ပြီး မျက်နှာပေါ်မှာဝဲကျနေတဲ့ ဆံနွယ်တစ်ချို့ကို သပ်တင်လိုက်သည်။
" Qing Xuan . . . ။ ကိုယ်... ကိုယ်ဒီအတိုင်းမင်းနားလေးရှိချင်ရုံပါ။ ဒီအတိုင်း ကိုယ့်တို့နှစ်ယောက်ဘဲအတူရှိချင်ရုံပါ။ "
     လက်မခံဘူးဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ညွှန်းချင်သည့်အလား ခေါင်းကိုဘယ်ညာယမ်းကာ ငြင်းဆန်လို့နေလေသည့် Qing Xuan ကို ကြည့်ကာ သူသက်ပြင်းတွေကိုသာ အကြိမ်ကြိမ်ချနေမိ၏။ ဒီပုံစံအတိုင်းဆို သူ့မှာရွေးချယ်စရာမရှိတော့တဲ့ အဓိပ္ပာယ်ပင်။
     Qing Xuan ဒီရက်ပိုင်းတွေအတွင်းမှာ အိမ်ဝန်းအနောက်ဖက်ရှိ တောနက်ထဲသို့ သူလစ်ချိန်တိုင်းပြေးပြေးဝင်သွားတတ်သည်။ Xuan Wu ( He Xuan ကိုယ်တိုင်လုပ်ပေးခဲ့ယပ်တောင်အမည်။{ ဒဏ္ဍာရီလာနတ်မင်းလေးပါးထဲမှလိပ်မြွေနတ်မင်း။} ) ကိုသာအတူယူသွားလျှင် သူဒီလောက်စိတ်ပူနေရမည်မဟုတ်ပေ။ အနိမ့်စားအဆင့် လေလွင့်ဝိညာဉ်တစ်ချို့သာရှိသော်လည်း Qing Xuan ဟာအလွန်းအားနည်းနေချိန်ဖြစ်တာကြောင့် အလွယ်တကူ ခန္ဓာကိုယ်ကို ဝင်စီးနိုင်၏။
     ထိုတောနက်ထဲဝင်ကာ ဘယ်လောက်ဘဲ သတိလက်လွှတ်သတ်သေရန်ကြံစည်နေပါစေ Qing Xuan ဟာလွှတ်မြောက်လာဆဲပင်။ ထိုသို့လွှတ်မြောက်နေခြင်းဟာ သူ့လက်၌တည်ရှိနေသော လက်စွပ်ကြောင့်ဟု He Xuan မဟရဲပေ။ လက်စွပ်ကိုချွတ်သာထားခဲ့လျှင်ဟုပင် မတွေးရဲချေ။