ရွေးချယ်မှုတစ်ခု(ရွေးချယ်မှုတစ်ခု)

1.1K 140 6
                                    


"""""""""""""""""""""""""

"ဒီနေ့တော့ အိမ်မှာမချက်နဲ့တော့
အပြင်ထွက်စားရအောင်...''

အလုပ်ကပြန်လာပြီးရေချိုးဖို့ပြင်ဆင်နေတဲ့ Krist ကိုပြောလိုက်တယ်...
အဝတ်အစားတွေကိုရေချိုးခန်းထဲ
ယူသွားတတ်တဲ့ ကောင်လေးက
ခေါင်းသာညိတ်ပြပြီး ဘာမှပြန်မပြော...

တစ်ခန်းထဲအတူနေဖို့ပြောပြီးကြထဲက
ဒီကလေး အနေခက်နေတာသူသိသားပဲ...
ဒါပေမယ့် သူအလျှော့မပေးမိဘူး
သူနဲ့ကိုယ့်ကြားမှာ ဘယ်လိုပိုင်းခြားမှုမျိုး
မှရှိမနေချင်ဘူးလေ...

အတူနေတယ် အတူစားတယ် အတူအိပ်တယ် နောက်ဆို
အတူအလုပ်လုပ်မယ်....
ပြီးတော့.....တခြားအတူလုပ်ရမယ့်
ကိစ္စတချို့ရှိနေသေးတယ်...

ဥပမာ......
အတူ....ရေချိုးတာတို့ဘာတို့ပေါ့...

ထားတော့...
အဲ့ဒါတွေကိုခုမတွေးသေးဘူး...
နောက် သိပ်မကြာခင်မှာတော့
တွေးရမယ်....

သူ့ရဲ့အတွေးတွေကိုသာ
Krist ဖတ်နိုင်ရင် နှာဗူးကျတယ်လို့
ထင်မလားမသိ...
ဘယ်တတ်နိုင်မလဲ...

သူ နဲ့ Krist ကြားမှာ
အပိုင်းအခြား ပါးပါးလေးတောင်
မရှိချင်ပါဘူးဆိုမှတော့....

"""""""""""""""""""

"နောက်တစ်ပတ် နေရင် ဆုံးဖြတ်ချက်ချ
တော့မှာ...မင်း စဉ်းစားနိုင်တယ်...
နောက်ကျလို့တော့မရဘူးနော်...''

အဖန်ဖန်ပြန်ကြားနေမိတဲ့စကားက
သူ့ခေါင်းတစ်ခုလုံးကိုရှုပ်ထွေးစေတယ်..

သူတကယ်တစ်ကိုယ်ကောင်းဆန်လို့
ဖြစ်ရဲ့လား....
သူ့ရဲ့မိသားစုက သူ့အကူအညီကိုလိုနေ
တယ်...
ကူညီနိုင်မယ့်လမ်းစလေးလည်းရှိနေပြီ...

Phi နဲ့သူသာ ချစ်သူတွေမဖြစ်ကြသေးဘူး
ဆိုရင် လက်ခံဖို့တောင်သူတွေးထားပြီးသား...

ဒါပေမယ့်....
ခု....သူ အဲ့အလုပ်ကိုမလုပ်နိုင်တော့ဘူးထင်တယ်...
နှစ်တွေအကြာကြီးသူမျော်လင့်ခဲ့ရတဲ့
အခြေအနေ တစ်ခုကို
သူလက်မလွတ်နိုင်ဘူး...
Phi နဲ့တစ်ဘဝလုံးအတူနေဖို့
အတူအိုမင်းသွားဖို့က သူ့ရဲ့ဆန္ဒ...

တောင်းပန်ပါတယ်မေမေ...
ကျွန်တော်မကူညီနိုင်လောက်ဘူး...

စိတ်ထဲကသာတောင်းပန်လိုက်ပြီး
ရေချိုးခြင်းကိုအဆုံးသတ်လိုက်တယ်..
ကိုယ်ကိုရေစင်အောင်သုတ်ပစ်လိုက်ပြီး
တော့ အသင့်ယူလာတဲ့အဝတ်အစားကို
ဝတ်လိုက်တယ်...

Rebirth for LoveTempat cerita menjadi hidup. Temukan sekarang