""""""""""""""""""""""""
အိတ်လေးတစ်လုံးဆွဲပြီး
ရုတ်တရက် ရောက်လာတဲ့ Krist...
အထူးတဆန်းနဲ့ဝိုင်းကြည့်နေကြတဲ့
ဝန်ထမ်းတွေကြားမှာ
တောင့်တောင့်လေးရပ်လို့....."Phi.....''
သူ့ကိုမြင်တော့ဝမ်းသာသွားပုံလေးက
နှစ်ဆယ့်ခြောက်နှစ် ဆိုတဲ့အသက်အရွယ်
မှဟုတ်ပါရဲ့လား စဉ်းစားစရာ..."Krist.....ဘယ်လိုလုပ်ပြီးရောက်လာ
တာလဲ...''ဆွဲလာတဲ့အိတ်ကိုလက်လွဲယူလိုက်ရင်း
အိတ်ကြိုးကိုဆွဲလာခြင်းကြောင့်
နီရဲနေတဲ့ လက်ဖဝါးလေးကို
ဆုပ်နယ်ပေးနေလိုက်တယ်....ဒါပေမယ့် လက်ကို
ချက်ချင်းရုန်းဖယ်လိုက်တဲ့ Krist ကြောင့်"Phi နဲ့ နေ့လည်စာအတူစားမလို့လေ..
Phi မစားသေးဘူးမလား..''ဘေးကကြည့်နေကြတဲဝန်ထမ်းတွေကို
မသိမသာမျက်စပစ်ရင်းက
ပြောလာတယ်..."Ok လေ...လာ...''
လက်တစ်ဖက်ကိုပြန်ဆွဲယူလိုက်ပြီး
ရုံးခန်းရှိရာကို ဆွဲခေါ်သွားလိုက်တော့
တယ်...အနှေးနဲ့အမြန်သိလာကြမှာပဲလေ..
တစ်သက်လုံး တိတ်တိတ်လေး
နေသွားကြမှာမှမဟုတ်ပဲ..
ဝန်ထမ်းတွေသိတာမကလို့ တစ် ကမ္ဘာလုံး
သိသွားလည်း ပိုကောင်းတာကလွဲလို့
အခြားမရှိ..."Phi....''
"မရုန်းနဲ့...''
သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ Phi လက်ထဲ
ကနေ ရုန်းထွက်ဖို့လုပ်ပေမယ့်
Phi ရဲ့အကြည့်စူးစူးတစ်ချက်နဲ့
..မရုန်းနဲ့..ဆိုတဲ့စကားတစ်ခွန်းနဲ့တင်
အသာငြိမ်နေလိုက်ရတော့တယ်...မျက်လုံးပေါင်းများစွာက
Phi ကိုတစ်မျိုးတစ်မည်ကြည့်ကြမှာကို
သူမလိုလားလို့သာ ရုန်းမိခြင်းပါ...
ပြီးတော့ Phi က ဒီcompany ရဲ့
အမြင့်ဆုံးရာထူးရှိတဲ့သူလေ..." ဘာလို့ရုန်းရတာလဲ ပြော...''
ရုံးခန်းထဲရောက်သည်နှင့် ခပ်တင်းတင်း
ဆွဲဖက်ကာမေးလာသည့်စကား..." လူတွေရှိနေတယ်လေ..Phi ရဲ့...''
"မင်းက ကိုယ်တို့ကချစ်သူတွေပါဆိုတာ
ကို လျှို့ဝှက် ထားချင်တာလား...
ဟင်...''
ESTÁS LEYENDO
Rebirth for Love
FanficRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...