မုံရွာနွေသည် မန္တလေးနွေကဲ့သို့ ပူပြင်းလှပေသည်။ မနက်အစောကားစီးခဲ့မိလို့သာ တော်ရော့ပေမည်။ မနက်ကတည်းက ပူနေသည့် နွေကို မျက်သွယ်ဦး အန်တုရင်း ကားကွင်းမှ ထွက်ခွာခဲ့တော့သည်။
"အကို တော်ဝင်နွယ် ဆေးရုံနဲ့ အနီးဆုံး hotel တစ်ခုကို မောင်းပေးပါ"
မျက်သွယ်ဦး taxi တစ်စီးဌားလိုက်သည်။ မုံရွာသည် မန္တလေးလို ကား taxi မပေါပါ။ သုံးဘီး taxi လှလှလေးတွေသာပေါသည်။ အဘိုး၊ ဒေါ်လေးနှင့် ကိုဖြိုးတို့က တစ်ခါတည်းလိုက်ပို့ရန် စီစဉ်ထားသော်လည်း နေစရာပင် မသေချာသေး၍ နှစ်ရက်စာ အဝတ်အစားလောက်နှင့် မျက်သွယ်ဦး တစ်ယောက်တည်းသာ အရင်ဦးစွာ လာခဲ့ခြင်းဖြစ်ပေသည်။
"Monywa Glory Hotel" တဲ့ ပုံစံကတော့ သားနားပေသည်။ဒီတစ်ညတော့ ဒီတွင်တည်းရပေတော့မည်။ "တောပန်းရေ မင်းနဲ့တွေ့ဖို့ စိတ်လှုပ်ရှားသလို ကိုယ့်ရဲ့ အလုပ်အတွက်လည်း ရင်ခုန်မိတယ်"
ကားစီးလာသည့် ပင်ပန်းဒဏ်ကြောင့် မျက်သွယ်ဦး hotel အခန်းသို့ ရောက်လျှင် ရောက်ချင်း ခုတင်ပေါ်တက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည်။
နေ့လယ် ၂နာရီထိုးလောက်တွင် မျက်သွယ်ဦး အိပ်ယာမှ နိုးလာသည်။ ငြီးစီးစီးဖြစ်နေသော ခန္ဓာကိုယ်ကို သန့်ရှင်းရန် ရေချိုးလိုက်ပြီး အိမ်သို့ ဖုန်းခေါ်လိုက်သည်။
"ဟဲလို ဒေါ်လေး"
"ဟဲလို သမီးသွယ်လေး အဆင်ပြေလား သမီး"
"ဟုတ် အခုကတော့ ဟိုတယ်မှာပဲ တည်းနေတယ် ဒေါ်လေး"
"မနက်ဖြန်ကျမှပဲ ဆေးရုံသွားပြီး အကြောင်းကြားရင်း နေဖို့နေရာပါ အကူအညီတောင်းတော့မလို့ ဒေါ်လေး"
"ဟုတ်ပြီ သမီးရေ နေစရာတွေ့ရင် ဒေါ်လေးတို့ကို ဖုန်းဆက်လိုက်နော် အထုပ်တွေ လာပို့ပေးမယ်"
"ဟုတ်ကဲ့ ဒေါ်လေး"
မုံရွာတွင် အသိမိတ်ဆွေမရှိသည့် မျက်သွယ်ဦးအတွက်တော့ ဒီနေ့ တစ်နေ့လုံးနှင့် တစ်ညလုံး ဟိုတယ်တွင်သာ အခန်းအောင်းရပေတော့မည်။ ဟိုတယ်စာနှင့်သာ နှစ်ပါးသွားရတော့မည်။
ESTÁS LEYENDO
The Last One (Zawgyi + Unicode)
Ficción Generalကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်