YB က XZကို သူခေါ်လို့ ဒီလိုဖြစ်သွားတယ်ဆိုတော့ လုံးဝစိတ်မကောင်း...သူ့နားနေပေးပြီး သူလိုတာလုပ်ပေးရန် ရှိနေချင်သည်..သူသည်လဲ XZ အနားလေးရှိရင် ပျော်နေသည် မဟုတ်လား..
XZ ကသူ့လိုအပ်ရာ..သူ့လိုအပ်ချက်ဆိုရင် မမှားပါ..
ဒါကြောင့် အိမ်ကို အသောနှင်ပြီး လိုအပ်တာတွေယူပြီး ချက်ချင်းပြန်လာခဲ့သည်အိမ်ရောက်ပြီး မီးဖွင့်တော့ ထုံးစံအတိုင်း သူ့ကိုကြိုမဲ့သူ မရှိ ...ဇိမ်ခံ ပစ္စည်းများ ပြည့်နှက်နေသည့် အထီးကျန်ဆန်သော အခန်းလေးကသာ သူ့အား တိတ်ဆိတ်စွာ ဆီးကြိုနေသည်...
ဘယ်လိုကြီးမှန်းမသိ ရင်ထဲ မွန်းကျပ်သလို .. ဒါတောင် ကျန့်ကောဆီ သွားသွားနေတာ ဘယ်လောက်မှ မကြာသေးဘူး သူ့အိမ်မှာတောင် နေသားမကျတော့
YBမိဘတွေနဲ့တော့ ဖုန်းဆက်ဖြစ်သည်...
သူတို့အလုပ်နဲ့သူတို့ပါလေ..သူ့ကို ပိုက်ဆံလိုသေးလား မှ အပ တခြား သိပ်ပြောစရာမရှိ.. ပြည့်စုံအောင်ထားနိုင်ခြင်းကို မိဘမေတ္တာလို့ ခံယူထားကြသူများ...သူလိုချင်သော မေတ္တာတွေ...ချစ်ခြင်းတွေ ဂရုစိုက်မှုတွေ...နွေးထွေးသော အကြည့်တွေ စိတ်ပူတက်မှုတွေ ကျန့်ကော ၁ယောက်သာ ပေးနိုင်သည်...
ဒါကြောင့်သူတန်ဖိုးထားသော လူသားလေးအား အနီးကပ်စောင့်ရှောက်ရတော့မည် ..
မန်နေဂျာ ကို ဖုန်းဆက်ပြီး ကိစ္စတွေ အကုန် ခိုင်မာတဲ့ အကြောင်းပြချက်(ကျန့်ကော နားသွားနေရမည်ဟု) ပေးကာ ၁ပတ်နားထားခိုင်းသည်...
(ဝမ်ချေချေလေး ခပ်တည်တည်ပဲ)နစ်နာကြေးတွေ အကုန်လျော်မည်ဟု သေချာ ပြောခိုင်းထားသည်
ဂရုမစိုက်တာတော့မဟုတ်YB က သူ့ကိုယ်ပိုင် company ဆိုတော့ ဒီ ရိုက်ကွင်းကိစ္စ ထုတ်လုပ်ရေးတွေ ဘာညာ ကိစ္စတွေ သိပ်ပြသာနာ မရှိ ဖုန်း၁ချက်ဆက်တာနဲ့ အကုန်ရှင်းပြီးသာ..ဘယ်သူ့ကိုမှလဲ အားနာရန်မလို...
(နှုတ်ခမ်းနီမလေးတွေ အသည်းဆွဲ ဝမ်ရိပေါ်တို့ အရမ်းအောင်မြင်ပါသည်....)
အကုန် သူ့ကိစ္စတွေပြီးတော့ XZဆီပြန်လာသည်..သူပြန်လာတော့ XZ ရေလှန်းယူနေတာနဲ့ဆုံသည်....
အကျိုးကြောင်းပြောပြီး နားနေခိုင်းသည်
YOU ARE READING
အခ်စ္မ်ားသူ႔ဆီမွာ..😍😍 (အချစ်များသူ့ဆီမှာ) (Complete) zwgyi & Uni
General Fictionမထင်မှတ်ပဲ အတွေးထဲရောက်နေရာက.. သိလိုက်ရတဲ့အချိန်မှာ ကိုယ့်အချစ်တွေ သူ့ဆီ အကုန်ပါသွားသောအခါ...😍😍 မထင်မှတ်ပဲအတွေးထဲရောက်နေရာက သိလိုက်တာကကိုယ့်အချစ်တွေအားလုံးသူ့ဆီပါသွားသောအခါ...😍😍