LD-P2|ကိုကို့ကိုအရမ်းမုန်းတယ်! [Edited Version]

13K 806 4
                                    

 #Unicode

အခန်း(၂)|ကိုကို့ကိုအရမ်းမုန်းတယ်!

“ထွက်မသွားပါနဲ့! တောင်းပန်ပါတယ်... မင်းကိုမေ့နေခဲ့မိလို့တောင်းပန်ပါတယ်... မမုန်းပါနဲ့ ငါ့အနားကနေပျောက်ကွယ်သွားပြီး ငါ့ကိုမမုန်းလိုက်ပါနဲ့... အား!!!!!!” 

***

အေးစက်ပြီးမှောင်မိုက်နေသော လေဟာပြင်ကြီးတစ်ခုမှာရောက်နေသလို အသိခံစားချက်တစ်သွယ်။ မှောင်မှိုင်းနေသည်မှာ မည်သို့သော အလင်းရောင်‌အား တစ်စလေးတောင် မတွေ့ရပါချေ။ ဒါပေမယ့် ရှောင်းကျန့်ဆိုတဲ့သူကတော့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းနေရတယ်။ သို့ပေမယ့် ဘာလို့ ဒီလိုမျိုး လျှောက်နေရလဲဆိုတာတော့ သူမသိနိုင်သလို၊ သိချင်စိတ်သည်လည်း ခံစားမိမည်မဟုတ်။ ဒီအတိုင်း အဆုံးမဲ့အမှောင်ထုမှာသာ မညောင်းနိုင်စွာ ဆက်လက်လျှောက်လှမ်းလျက်။

ဤသို့ မည်သည့်အလင်းရောင်မျှပင်မရှိသည့်အပြင် ထွက်ပေါက်ဆိုသည် မည်သည်မှန်း ရှာမတွေ့နိုင်ရလောက်အောင်ကို လမ်းပျောက်နေခဲ့ပါသည်။ မှောင်မိုက်လွန်းပြီး အဆုံးမရှိ‌သောလမ်းတစ်ခုကို လျှောက်နေခဲ့ရသည်မှာ အချိန်ကြာလှပြီဖြစ်ရာ ပင်လည်းပင်ပန်းလှပြီမို့ ဆက်၍လည်းမလျှောက်ချင်တော့ပါ။ ပင်ပန်းမှုကြောင့် ခေါင်းပင်မထောင်နိုင်တော့ဘဲ ငိုက်စိုက်မတတ်ဖြစ်နေရော့ချေ...။ ခြေထောက်များလည်း မတ်မတ်ပင်မရပ်နိုင်တော့ဘဲ ခွေ‌ကျကုန်ပြီ...! ရှေ့ဆက်တိုးရန်လည်း ဤခြေထောက်များကားခွင့်မပြုတော့။ ယခုတော့ သူ့ပုံစံမှာကား ဆုံးမှတ်မရှိတဲ့လမ်းတစ်ခုကို အချိန်ပေါင်းများစွာ လျှောက်နေရပြီးမှ အရှုံးသမား တစ်ယောက်နှယ် လောကကြီးကို ဒူးထောက်အရှုံးပေးလိုက်ရသကဲ့သို့...! ခန္ဓာကိုယ်တစ်ခုလုံး ဒူးပြုတ်ကျသွားခဲ့ရလေပြီ။

“ကိုကို”

ရင်းနှီးဖူးသလိုလိုရှိတဲ့ မတိုးမကျယ် အသံဆာဆာလေးတစ်ခု လေပြေလေးတွေကတစ်ဆင့် သူ့နားထဲသို့ ပြေးဖြတ်သွားကာ...!

ပင်ပန်းမှု‌ကြောင့် အောက်ငိုက်စိုက်နေတဲ့ ခေါင်းလေးကို အသာအယာမော့ပြီး ချိုအေးလှသော အသံဆာဆာလေး ရှိရာသို့ ဟိုဝေ့၊သည်ဝေ့ လိုက်ရှာကြည့်မိသည်...။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Waar verhalen tot leven komen. Ontdek het nu