LD-P3|အိမ်အပြန်လမ်းကို စောင့်နေဆဲ [Edited Version]

11.5K 759 6
                                    

#unicode

အခန်း(၃)|အိမ်အပြန်လမ်းကို စောင့်နေဆဲ

"ဟက်... ကျွန်တော်ကအရူးပဲနော်... ကိုကိုကျွန်တော့်ကိုထားခဲ့တာတောင်မှလေ...၊ ခင်ဗျားကို အတိတ်နေ့ရက်တွေအတွက် ကျေးဇူးတင်နေတုန်း"

***

ကျိုးချန်, နို့ဘူးလေးခလောက်ကာ မီးဖိုထဲကအထွက် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လက်ထဲက နို့ဘူးလေးကို auto လွှတ်ချမိလိုက်၏။ နို့ဘူးက ဖန်သားမဟုတ်လို့သာ တော်သေးသည်။ နို့မို့ဆို ကြမ်းပြင်သန့်ရှင်းရေးလည်းလုပ်ရမည်။ ပြီးတော့...နို့မှုန့်လည်းထပ်ဖျော်ရပေဦးမည်မဟုတ်လား?? သူ့လောက်ပျင်းတာသူပဲရှိသလို အလုပ်တစ်ခုကို နှစ်ခါပြန်ပြီးအစဆုံးပြန်လုပ်ရမှာကိုလည်း အသေမုန်းတဲ့သူ...!

"အိုက်ယား ကျိုးချန်ရာ အဲ့မှာ ကြောင်ရပ်မနေနဲ့ ခွက်တစ်ခွက် မြန်မြန်သွားယူ... ဒီမှာ ငါလက်ဖဝါးထဲ ပြည့်လျှံကုန်ပြီ"

"ဪ~ အေးအေး"

ရိပေါ်အသံကြားမှ ရပ်နေရာကနေ ကြောင်တောင်တောင်နဲ့ နို့ဘူးလေးပြန်ကောက်ကာ မီးဖိုခန်းသို့ပြေး၀င်သွားပြီး ခွက်တစ်ခွက်ယူကာ ရိပေါ်ကို ပေးလိုက်သည်။ သူကတော့အခုထိ ရိပေါ် ကို ပါးစပ်အဟောင်းသားနဲ့ ကြောင်တောင်တောင်ကြည့်နေတုန်း...။ အသိစိတ်ကပ်သေးပုံမရ...!

ရိပေါ်လည်း ခွက်ရတာနဲ့ ညာဘက်ရင်ဘတ်‌နား ကပ်လိုက်ပြီး ခွက်ကို ညာလက်နဲ့ ထိန်းထားရင်း ဘယ်လက်နဲ့ ကလေးကို ပွေ့ထားရတာ အဆင်မပြေတာကြောင့်...!

"ကျိုးချန် ငါ့ကိုဒီခွက်လေး ထိန်းကိုင်ထား‌ပေးဦး"

"........" [ကြောင်နေဆဲ]

"ကျိုးချန်!!!!!!!"

နားနားကပ်ပြီး အော်လိုက်တော့မှ အသိစိတ်ပြန်ကပ်လာပုံရတဲ့ ကျိုးချန်...!

"ဟမ် ဪ....အေး အေး....ပေး...ပေး...ငါကိုင်ပေးထားမယ်"

ခွက်ကိုင်ပေးထားရင်း စကားထစ်ငေါ့ထစ်ငေါ့ဖြင့်!

"ရိ... ရိပေါ် မင်း... မင်းက ယောက်ျားလေးလေ ဒါ... ဒါကဘယ်လို...ဘယ်လိုဖြစ်ပြီး"

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Donde viven las historias. Descúbrelo ahora