အပိုင်း-၂

885 103 3
                                    

Zawgyi
___________________
[အသံက ပါဝါအပြည့်နဲ့ ရုပ်လေးကလည်း ချောပါတယ် တော်တော့်ကို ချောပါတယ် ကျနော့်လောက်နီးပါးကို ချောပါတယ်
ဒါမယ့် လူ့ဂွစာကြီး တစ်ယောက် ဆိုတာကိုလဲ သိလိုက်ရပါသည်]
__________________
*************

"ဟင်"

မှောင်နေတဲ့ အခန်းထဲမှာ အလိုမကျ ရေရွတ်သံကိုကြားလိုက်ရသည်

သရဲလား?! အားး အမေရေ ကယ်ပါအုံး
သရဲလက်ထဲတော့ ဘဝမဆုံးချင်
သုတ်ခြေတင်ကာ ပြန်ပြေးမည့်ဆဲဆဲ....

"အိပ်နေတာကို ဘာအသံတွေလဲ"

ယောကျာ်းတစ်ယောက်ရဲ့ အသံ ဒါ ဒါ ဆို သရဲထီး သရဲထီး....
နေပါဦး သရဲကစကားပြောလို့လဲ... ပြီးတော့ အိမ်နေတာတဲ့လား....
ဟာ.... သရဲ ငါ့ကို လှည့်စားနေတာ ဟွန့် တော်တော် ဉာဏ်များတဲ့ သရဲ...

အမှောင်တစ်နေရာသို့ မျက်စောင်းပစ်ထိုးခဲ့ပြီး
ထွက်သွားမည် အလုပ်

အသံရဲ့လားရာအရပ်ကနေ ထွက်လာသည့် ခြေသံများ

မှောင်မိုက်နေသည့် အခန်းငယ်ထဲ ဖိနပ်သံကလွဲ၍ အရာအားလုံးဟာ ခြောက်ချားဖွယ် တိတ်ဆိတ်နေသည်

ကျနော် ခြေဖျားတွေအထိ အေးစက်သွားပြီး လုပ်လို့ပင်မရတော့

အနားသို့ရောက်လာလေ တစ်ဖြည်းဖြည်း ပိုပိုကျယ်လာလေ

တိခနဲ ရပ်လိုက်တဲ့ ခြေသံ

ထို့နောက်....

မျက်စိရှေ့မှာ ပေါ်လာတဲ့ လူတစ်ယောက်

ထပ်ပြီး လူယောင်ဖန်ဆင်း ထားပြန်တာလား

"လူတစ်ယောက်အိပ်နေတာကို တိတ်တိတ်ဆိတ်ဆိတ် နေပေးရမယ်ဆိုတာကို မင်းမိဘတွေက မသင်ပေးဖူးလား"

လူတစ်ယောက်ဆိုတာကို ယုံလိုက်ရသည်

အသံက ပါဝါအပြည့်နဲ့ ရုပ်လေးကလည်း ချောပါတယ် တော်တော့်ကို ချောပါတယ် ကျနော့်လောက်နီးပါးကို ချောပါတယ်
ဒါမယ့် လူ့ဂွစာကြီး တစ်ယောက် ဆိုတာကိုလဲ သိလိုက်ရပါသည်

စဉ်းစားကြည့်ဗျာ သူ အိပ်နေတာကို ကျနော်ကသိရအောင် အကြားအမြင်ဆရာ လား

Can I Be Your Boyfriend?|KV|Where stories live. Discover now