Part 6

9K 812 7
                                    

Zawgyi

ရုံးခန်းရောက်တော့ ကျောင်းအုပ်ကသူတို့နှစ်ယောက်ကိုမြင်တာနဲ့ ချက်ချင်းထလာပြီးနှုတ်ဆက်တယ်။

''အိမ်ရှေ့စံမင်းသားနဲ့ကြင်ယာတော် ဒီမှာထိုင်ပါခင်ဗျ''

ရိပေါ်က ရှောင်းကျန့်လက်ကို ကိုင်ထားလျက်ပင် ထိုင်ခုံပေါ်ဝင်ထိုင်လိုက်တယ်။

ရှောင်းကျန့်မှာတော့ ရိပေါ်က ကောင်မလေးတွေအများကြီးကြားထဲလက်ဆွဲခေါ်လာလို့ရှက်နေပါတယ်ဆိုမှ ဒီရောက်တော့လည်း ကျောင်းအုပ်ကြီးက ကြင်ယာတော်တဲ့ ခေါ်ပြစ်လိုက်တာ လူတောင်အငွေ့ပြန်ချင်စိတ်ပေါက်သွားတယ်။
အရေးထဲ လက်ကိုကိုင်ထားတဲ့ အိမ်ရှေ့စံဆိုတဲ့ လူကြီးကလည်း အခုချိန်ထိကို မလွှတ်သေးဘူး။

ရိပေါ်ကိုကြည့်လိုက်တော့ လက်ကိုလွှတ်မယ့်ပုံမရှိတာကြောင့် ရှောင်းကျန့်လည်း မရုန်းတော့ဘဲ အသာလေး နေလိုက်တယ်။
ကိုယ်ကလည်း အခုကြောက်နေတာဆိုတော့ မင်းသားလေးလက်ကို ကိုင်ထားတော့ နည်းနည်း အကြောက်ပြေလို့ပါ။

''မယ်တော်ကြီးက ဖုန်းဆက်ပြီး ကျွန်တော့်ကို ပြောထားပါတယ် အိမ်ရှေ့စံမင်းသားနဲ့ကြင်ယာတော်ကို တစ်ခန်းအတူတူထားဖို့''

''အင်း ထိုင်ဖို့ကရော''

''ဟုတ်ကဲ့ နေရာထိုင်ဖို့ကိုလည်း ကျွန်တော်အကုန်အဆင်သင့်လုပ်ထားပါတယ် ''

''အင်း အဲ့ဆို အခန်းထဲသွားရအောင်''

''ဟုတ်ကဲ့ ကျွန်တော်လိုက်ပြီး အတန်းပိုင်ဆရာနဲ့ မိတ်ဆက်ပေးပါ့မယ်''

''အင်း''

ရိပေါ်က မတ်တပ်ရပ်လိုက်တော့ ရှောင်းကျန့်လည်း မတ်တပ်ရပ်ပြီး ကျောင်းအုပ်ကြီးသွားတဲ့နောက်ကိုလိုက်ခဲ့တယ်။လမ်းမှာ ရှောင်းကျန့်သိချင်နေတာကို ရိပေါ်ကို မေးလိုက်တယ်။

''မင်းသားလေး ''

''အင်း''

''ကျွန်တော်တစ်ခုလောက်မေးချင်လို့''

''အင်းမေး''

''ကျောင်းအုပ်ကြီးနဲ့ ကျွန်တော်ကျောင်းတက်မယ့်ကိစ္စပြောတာ အဲ့လောက်မြန်တာလား''

ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )Место, где живут истории. Откройте их для себя