LD-P8|L-O-V-E D-E-V-O-T-I-O-N[Edited Version]

7.5K 601 22
                                    

#unicode

အခန်း(၈)|L-O-V-E D-E-V-O-T-I-O-N

"ကျွန်တော်တို့ကြားမှာ အသက်(၂)နှစ်ကွာဟမှုကြောင့် ဒီ(၂)နှစ်အတွင်းမှာ အသေလွမ်းခဲ့ရပါတယ်။"

***

အဲ့နေ့ကစပြီး ကျွန်တော် ပုဝါလေးကို တွယ်တာခဲ့တာ အခုထိပါပဲ။ ပုဝါလေးရဲ့ပိုင်ရှင်လေးမသိအောင်လည်း ကျွန်တော့်နှလုံးသားလေးမှာ တိတ်တိတ်လေး‌ သိမ်းထားမိတယ်။ ကျွန်တော် သိမ်းထားခွင့်ရှိတယ်မလား။ ပုဝါပိုင်ရှင်လေးကိုတော့ အဝေးကနေပဲ ငေးကြည့်ရုံ‌လေးနဲ့သာ ကျွန်တော်ဟာ ကျေနပ်နှစ်သိမ့်ခဲ့ပါတယ်။ လောဘမကြီးပါဘူး၊ ဒီအတိုင်း သူဖြစ်တည်နေကြောင်းလေးကို မြင်ခွင့်ရတာနဲ့တင် ကျွန်တော့်အဖို့ လောက်ငှနေခဲ့ပါပြီ။

ပြီးတော့ ကျွန်တော့်မှာ တစ်ဖက်သူမသိအောင် ခေါ်တတ်တဲ့ နာမ်စားလေးတစ်ခုလည်းရှိတယ်။ ကိုကိုဆိုပြီးလေ။ အေးအေးဆေးဆေးနေရတာကြိုက်တဲ့ကိုကိုက အပူအပင်ကင်းပုံပါပဲ။ ကျွန်တော်တွေ့ရသလောက်ဆိုရင် ကိုကို့မှာ အပေါင်းအသင်းများများစားစားမရှိဘူး၊ ကျိယန်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့သာ ကိုကိုက ပေါင်းတာ။ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပုံရတဲ့ ကိုကိုက အစ်ကိုကျိယန်နဲ့ သဟဇာတတည့်ပြီး၊ မြင်ရသလောက်ဆို သူငယ်ချင်းအပေါ် သံယောဇဉ်တွယ်တာပုံပါပဲ။ ကျွန်တော်လေ တစ်ခါတစ်လေကျတော့လည်း ကိုကို့ဘေးနားက အစ်ကိုကျိယန်ကို အားကျလွန်းလို့မနာလိုတောင်ဖြစ်မိတယ်ရယ်။

ကိုကိုနဲ့ပတ်သတ်ပြီး ကျွန်တော့်မှာ တာဝန်လေးတစ်ခုရှိသေးတယ်။ အဲ့ဒါက ကိုကိုအမြဲသောက်တတ်နေကြ Green Teaလေးကို သတိထားမိခဲ့တဲ့နေ့ကစပြီး မနက်တိုင်း တိတ်တိတ်လေး သွားထားပေးတတ်တဲ့ကျွန်တော်က ယဉ်ယဉ်လေးရူးမှန်းမသိ ရူးနေခဲ့ရပါပြီ။ ကျွန်တော့်အပျော်ဆုံးအချိန်ကိုပြောပါဆိုရင် အဲ့ Green Teaလေးကို ကိုကို့နှုတ်ခမ်းတွေနဲ့ ကုန်စင်အောင် သောက်လိုက်တဲ့အချိန်တိုင်းပါပဲ။ ကျွန်တော်ပေးတာကို မသိနိုင်တဲ့ကိုကိုကတော့ သူ့ကိုသဘောကျနေတဲ့ ကောင်မလေးတစ်ချို့‌လာပေးတာလို့ပဲ ထင်ချင်ထင်နေမှာပေါ့။ ကိစ္စတော့မရှိပါဘူး၊ ကိုကို ကုန်အောင်သောက်ပေးရုံနဲ့တင် ကျွန်တော့်မှာ ပျော်နေပါပြီ။ အနည်းဆုံးတော့ လွှင့်မပစ်ခဲ့ဘူးပဲလေ။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Wo Geschichten leben. Entdecke jetzt