10💙

1.1K 108 8
                                    

Unicode version

"Nabong ya သူ အဲ့ဒါတွေ ပြန်လုပ်နေတာလား မသိဘူး"

"ဟာ ဟုတ်လို့လား jiရဲ့"

"ဟုတ်လောက်မယ်ထင်တယ် ငါသူ့လက်ကောက်ဝတ်မှာ ပလာစတာတွေ တွေ့ခဲ့တယ် သူလုပ်ခဲ့လိူ့ ငါ့ကို မမြင်စေချင်လို့ ပလာစတာကပ်ခဲ့တာ နေမယ်"

"လက်ကောက်ဝတ်မှာ ပလာစတာကပ်တာနဲ့ပဲ သူ suicide လုပ်ထားတယ်လိုွ ပြောလို့မရဘူး ji တခုခုနဲ့ထိပီး သွေးတွေထွက်လာလို့ ပလာစတာကပ်ထားတာလည်း ဖြစ်ချင်ဖစ်မှာပေါ့ jiရယ် "

"ဟာ...မဖစ်နိုင်တာ သူတကယ် suicide ပြန်လုပ်နေတာ လုပ်မယ်ဟ"

"အရူးမရယ် သူမရူးဘဲ နင်ရူးလိမ့်မယ် ji နင့်ကို တစက်ကလေးမှ အဖတ်မလုပ်တဲ့သူကို နင်ဘာလို့ အဲ့လောက် ဂရုစိုကိပြီး စိတ်တွေပူနေရတာလဲ"

ပြောရင်း nayeon အသံတွေတုန်လာပါသည်

သူဘာလို့ nayeonကိုကျမမြင်ဘဲ သူ့ကိုအဖတ်မလုပ်တဲ့ jennieကိုပဲ သူ့မျက်ဝန်းထဲမှာ မြင်ရတာလဲ..

"ငါသူ့ကိုစိတ်ပူလို့ဟ သူတခုခုဖစ်သွားမှာငါ ကြောက်တယ် နင်လည်းသိတဲ့အတိုင်း ငါသူ့ကို ချစ်နေတာလေ သူသာ တခုခုဖြစ်သွားရင်,..."

တုန်လှုပ်နေတဲ့ jiကို ဖုန်းထဲကမဟုတ်ဘဲ အပြင်မှာသာဆိုရင် naဖတ်ပြီး နှစ်သိမ့်မိမှာပါ...

"Jiရယ် jennieက ဘာမှမဖစ်ပါဘူး နင်သိပ်စိတ်ပူမနေနဲ့"

"အင်း...ပြောရင်းနဲ့ jenရောက်လာပြီ"

"အေး နင်သူရှေ့မှာ မျက်နှာသိပ်မပျက်စေနဲ့ဦး"

"အင်း အင်း"

Jiဖုန်းချပြီး jenကို လှမ်းကြည့်မိတယ် jenကတော့ ထုံးစံအတိုင်း အေးတိအေးစက်နဲ့ပင်။

"Jennie နင်မျက်ကွင်းတွေ ညိုလာပြန်ပီ"

Jiက အလန့်တကြား ပြောလိုက်တော့ ဘေးက seulgiက

"ညိုလာမှာပေါ့ ညက တညလုံး မအိပ်ဘူးလေ အဲ့ဟာမ"

"ဟမ်..."

Jiကတော့ စိတ်ပူပြန်သွားပီ jenကတော့ seulgiကို မျက်စောငွးထိုးလိုက်ပြီး

"ငါဒီအတိုင်း အိပ်မပျော်လို့ပါ jiရဲ့"

Jennieက ဘာမှမဖစ်သလို ပြောတဲ့အချိန် jiရဲ့အကြည့်တွေက jenရဲ့ လက်ကောက်ဝတ်ဆီ ရောက်သွားပြန်တယ်

No Expectation💔 (Jensoo)Wo Geschichten leben. Entdecke jetzt