CHAPTER-1 (Zawgyi)

2.1K 63 2
                                    

"What's your name?"

အားလုံး စစ်ဆေးမေးမြန်းပြီးနောက် နောက်ဆုံးတော့ သမားတော်သည် ရောဂါအဖြေကို ပြောကြားလိုက်သည် "ဝမ်ရယ် က ဦးခေါင်းမှာ ဒဏ်ရာရသွားတာမို့ အတိတ်မေ့သွားတာပါ အကြာကြီးတော့ မဟုတ်ပါဘူး ပြန်ကောင်းလာမှာပါ "

အာ့ဒီအချိန်က အကြောင်းအရာတွေကို ရှောင်ဝမ်ရယ် မမှတ်မိတော့ သူသည် ရေကန်ကို သွားတုန်းက သူ့နားမှာ မည်သူရှိနေကြောင်း မေးလိုက်သည်

"ဝမ်ရယ် အာ့ဒီအစေခံက Xiao Dongလေ သူကလည်း ဝမ်ရယ် ငယ်ငယ်လေးကတည်းက ခစားလာတာပါ ဝမ်ရယ် မှတ်မိလား"Xiao Dong ၏ မျက်လုံးများသည် ငိုထားတာကြောင့် မျက်လုံးများနီရဲနေသည်

"တော်တော့ တော်တော့ ငါ့နာမည်တောင် မမှတ်မိတာ သူက Xiao Dongလား Xiao Xi လားဆိုတာ ဘယ်လိုလုပ် မှတ်မိမှာလဲ "
သူသည် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်

အစောပိုင်းက Liu Bo ပြောကြားချက်အရ သူနာမည်မှာ Dongfang Hao Ye ဖြစ်ကြောင်း Late ဧကရာဇ် နှင့် Dowager ဧကရီ တို့၏ အချစ်ဆုံးသားတော်ငယ်ဖြစ်ကြောင်း
ဒါအပြင် သူသည် နိုင်ငံနှစ်သက်ဆုံးမင်းသားငယ်-
Jing QinWang ဖြစ်သေးသည် (Jing သည် အေးဆေးတည်ငြိမ်သည်ဟု အဓိပ္ပါယ်ရပြီး QinWang သည် နိုင်ငံ၏အဆင့်မြင့်မင်းသား
များကို ပေးထားသည့်ဘွဲ့ဖြစ်သည် )

Xiao Dong က "ဝမ်ရယ် Dong က ဆောင်းဆိုတဲ့ စကားလုံးပါ အရှေ့ဆိုတဲ့ စကားလုံး မဟုတ်ပါဘူး ( Dong က အရှေ့ပါ Xi က အနောက်ကို ဆိုလိုတာပါ ခုနက ဝမ်ရယ်က သူ့နာမည်ကို အနောက်လည်း မသိဘူး အရှေ့လည်း မသိဘူးလို့ပြောလိုက်တာကြောင့်ပါ)

ဝမ်ရယ် သည် စိတ်မရှည်စွာ ခေါင်းညိမ့်ပြလိုက်ပြီး ဆန်ပြုတ်ခွက်အား ဆောင့်ချလိုက်သည် " နောက်တစ်ခွက် "

မျက်လုံးများနီနေသော Xiao Dong သည် နောက်တစ်ပန်းကန်အား ဆက်သရန် ထွက်ခွာသွားလေသည်

ဝမ်ရယ် သည် အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး လက်တဖက်က နာကျင်နေသော ဦးခေါင်းကို ကိုင်ထားသည် သူတကယ်ကို ဘာမှ သတိမရဘူး သူအရှေ့ချိန်တွေမှာ ဘာတွေဖြစ်သွားမှန်း သတိမရပေမယ့်လည်း ထူးဆန်းတာ တခုခုတော့ ဖြစ်သွားတယ် ထင်တယ် ဒါပေမယ့်လည်း အခြားတဖက်က ကြည့်ရင်လည်း သူစိတ်သက်သာရာ ရနေတယ်
ဒီအဆောင်မှာ နေရတာလည်း ရင်နှီးနေသလိုပဲ ကြည့်ရတာ သူတကယ် ဒီမှာ နေခဲ့ပုံရသည်

My Wangfei Is A Man [Myanmar Translation]Where stories live. Discover now