🍒Part 1🍒

1.9K 30 6
                                    

🍒Part 1🍒

🍒CheerFul BitcHeS🍒

_'Light' High School_

ကျောင်း၏အခန်းတိုင်းသည် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်လို့နေသည် ကျောင်းသားကျောင်းသူများက ကွာဝေးသော ခုံအကွာအဝေးတွင် တစ်ဦးချင်းစီရှိနေကြသည် တစ်ခန်းကို ဆရာမသုံးယောက်ရှိနေသည် အကြောင်းမှာ စာမေးပွဲဖြေနေသောကြောင့်ဖြစ်သည် သူမတို့ဇတ်လိုက်ငါးယောက်သည် တစ်ခန်းတည်းတွင် ဖြေရသည် အချိန်စေ့တော့မည်ဖြစ်သောကြောင့် မောင်းဧသရီသည် မေးခွန်းစာရွက်ပေါ်တွင် ပုံဆွဲနေသည် ဆုသည်းဦးဝင့်သည် အဖြေလွှာစာရွက်ကို သဲကြီးမဲကြီး စစ်ဆေးနေသည် ရွှေသွင်းဖြူသည် မှောက်အိပ်နေသည် နတ်သမီးသော်တာမောင်သည် အခန်းထောင့်ဆုံးတွင် မေးလေးထောက်ကာ အပြင်ဖက်ကိုကြည့်နေသည် မေသလင်းမြူသည် နာရီကိုတကြည့်ကြည့်လုပ်နေသည်

ကလင်~ကလင်~
ကလင်~ကလင်~

ဘဲလ်တီးသံကြောင့် ဆရာမတွေက အဖြေလွှာစာရွက်လိုက်ကောက်သည် အကုန်လုံးကောက်ပြီးတဲ့နောက်မှာ နှုတ်ဆက်ပြီးအခန်းပြင်သို့ ပျော်ရွင်စွာ ထွက်လာကြသည်

"တစ်လတော့လွတ်လပ်ရေးရသွားပြီ Very Good!ဖြေနိုင်ကြရဲ့လား?"

ဆုသည်းဦးဝင့်ကမေးသည် လေးယောက်လုံးက လက်မထောင်ပြသည်

ရွှေသွင်းဖြူ-"စာမေးပွဲဖြေပြီးသွားတော့ အားပျက်သွားပြီ မုန့်စားချင်လာတယ်ဟာ ကန်တင်းသွားကြရအောင်လား?"

မောင်းဧသရီ-"ငါအိမ်ပြန်ပြီးအခြေအနေသွားတင်ပြရအုန်းမယ် မသွားတော့ဘူး တာ့တာ!"

မောင်းဧသရီက နှုတ်ဆက်ကာထွက်သွားသည် ရွှေသွင်းဖြူမျက်နှာမဲမှောင်သွားသည်

မေသလင်းမြူ-"မရေ စောင့်ပါအုန်း သမီးလည်းလိုက်မယ်"

မေသလင်းမြူက မောင်းဧသရီနောက်လိုက်သွားခဲ့သည် ကျန်ခဲ့သော နှစ်ယောက်သည်လည်း စည်းလုံးမနေဘဲ အကြောင်းပြချက်ကိုယ်စီဖြင့် သွားခဲ့ကြလေသည် ရွှေသွင်းဖြူ မျက်နှာကြီးပုပ်ခွက်သွားကာ ထွက်ရန်ပြင်နေသော နတ်သမီးသော်တာမောင်အား အတင်းဆွဲကာ ကန်တင်းသို့ခေါ်သွားလေသည်

ChEErfULl BiTcHeS✔Where stories live. Discover now