My. System 6104 (CB)
'မား သားသွားပြီနော်'
'ကောင်းကောင်းသွားနော် Buo Xian'
'ဟုတ် မားမား'
မားမားကိုနှုတ်ဆက်ပြီးထွက်လာမိတယ်။
ဒ္ီနေ့တော့ရာသီဉတုကအုံ့အုံ့မှိုင်းမှိုင်းဖြစ်နေသည်မလို့ထီးအပိုဆောင်ကာထွက်လာလိုက်သည်။'ဒီနေ့သွားတော့မယ်ပေါ့ '
'ဟုတ်တယ်'
'အကြိုက်အတိုင်းလုပ်ပေးထားတယ်နော်'
'ကျေးဇူးပါဗျာ'
အသည်းပုံတွေတောင်ထွက်လာတော့မလိုခံစားရတဲ့ကောင်လေးရဲ့မျက်လုံးတွေကိုမသိဟန်ဆောင်ကာထွက်လာခဲ့မိသည်
'သွားပြီလား လူလေး'
'ဟုတ်ကဲ့ အန်တီ'
လူချစ်လူခင်များပြီးလူသိများတာလည်းမလွယ်လှ
သူ့နာမည်ကBian Buo Xain
အသက်ကနှစ်ဆယ့်ငါးရှိနေပြီးဘွဲ့လွန်တက်ကာအချိန်ပိုင်းTutorလုပ်ကာစာသင်ပေးသည်မားမားနဲ့ပါးပါးအပြင်သူနှင့်အသက်ခုနှစ်နှစ်ကွာသောအစ်ကိုတစ်ယောက်ရှိပြီးလူလွတ်တစ်ယောက်ပင်
ချစ်သူစုံမက်သူများကိုလည်းငြင်းပယ်ကာ
တစ်ကိုယ်တည်းနေခြင်းပင်မှတ်တိုင်မှာကော်ဖီလေးကိုသောက်ရင်းစီးရမယ့်ကားကိုထိုင်စောင့်နေလိုက်သည်
ကားလာတော့တက်ပြီးစာအုပ်ကိုဖတ်ရင်း
ကျောင်းကိုလာခဲ့လိုက်လိုက်သည်။'ဆရာBianရောက်လာပြီလား'
'ဟုတ်ကဲ့ဆရာမ'
'ပထမဆုံးအချိန်မလား မြန်မြန်သွားလိုက်ပါအုန်း '
'ဟုတ်တယ်ဗျာ'
အတန်းမှာလူစုံနေပြီမလို့အမြန်ဝင်ရင်းစာသင်လိုက်သည်
'ကဲ အတန်းပြီးပါပြီ နောက်တစ်ပတ်စာတမ်းထပ်ဖို့မမေ့နဲ့နော်'
'ဟုတ်ကဲ့ ဆရာ'
စာသင်ပြီးတော့စာကြည့်တိုက်ကိုသွားကာ
Thesisအတွက်လုပ်နေလိုက်တာညနေတောင်စောင်းနေပြီပင်၊ရာသီဉတုကြောင့်ညဘက်လိုမှောင်နေသည်Buo Xainလည်းမြန်မြန်ထွက်လာကာမှတ်တိုင်မှာစောင့်နေလိုက်သည်။လူရှင်းကာမှောင်ရိပ်ကျနေသည့်အိမ်ပြန်လမ်းကိုခပ်သွက်သွက်လျှောက်ရင်းလူကူးမျဉ်းကြားကိုကူးနေတုန်းကားတစ်စီးကအရှိန်နဲ့ဝင်လာသည်
အဝေးကိုလွှင့်စင်သွားတဲ့Thesisစာရွက်တွေနဲ့အတူလူတစ်ယောက်သွေးအလိမ်းလိမ်းနဲ့မြေပြင်မှာလဲလျောင်းနေသည်
ဘေးမှာကျနေတဲ့ဖုန်းရဲ့Contact nameကမားမားလို့မြည်နေလေရဲ့
'အား ခေါင်းကိုက်လိုက်တာ ငါဘယ်နေရာရောက်နေတာလည်း'
လွင်ပြင်ကောင်းကင်လိုမျိုးရှင်းလင်းနေကာ
ကြယ်တွေနဲ့တိမ်တွေဘဲရှိတဲ့နေရာကိုမြင်နေရသဖြင့်မေးခွန်းထုတ်မိသည်'ငါသေသွားပြီမဟုတ်ဖူးလား ဘာလို့ဒီကိုရောက်နေတာလည်း'
ကားတိုက်ခံရသည့်အဖြစ်ကိုမြင်ယောင်လာသည်မလို့Buo Xainတွေးရခက်နေသည်
'System 6104 စတင်နေပါပြီ '
ရုတ်တရက်အသံတစ်သံထွက်လာကာမြည်နေသည်မလို့
'တွေ့ရတာဝမ်းသာပါတယ် Host
ကျွန်တော်ကSystem 6104ပါ'အမွှေးပွလိုဘောလုံးလေးကBuo Xainအနားမှာပျံသန်းကာနေနေသည်
'မင်းကဘာလဲ ငါကသေပြီမဟုတ်ဖူးလား'
'ကျွန်တော်ကSystem 6104ပါ Hostအတွက်မိုးနတ်မင်းကပေးသနားတဲ့လက်ဆောင်အနေနဲ့ပြန်လည်ရှင်သန်ဖို့Missionတွေကိုလုပ်ဆောင်ရမှာပါ'
'ဘယ်လို ဘယ်လို'
'ဟုတ်ပါတယ်Host Hostအနေနဲ့ System worldမှာရှိတဲ့အရန်ဒါမှမဟုတ်ဗီလန်တွေရဲ့ဆုတောင်းနဲ့လုပ်ချင်တာတွေကိုဖြည့်စည်းပေးပြီးMissionတွေကိုအောင်မြင်အောင်လုပ်ရမှာပါ'
'လုပ်ရင် ငါအသက်ပြန်ရှင်မှာလား'
'HostကComaအဖြစ်ကိုရောက်နေတာပါ
အကယ်၍Hostသာသတ်မှတ်ထားတဲ့System WorldအထိMissionတွေကိုအောင်မြင်အောင်လုပ်နိုင်ရင်အသက်ပြန်ရှင်မှာပါ''မင်းတကယ်ပြောတာနော်'
'ဟုတ်ပါတယ်Host'
'ဒါဆိုလည်းလုပ်တာပေါ့ကွာ'
'Hostလိုအပ်တဲ့အချက်အလက်ေတွအားလုံးကိုကျတော်ထောက်ပံ့ပေးပါမယ်'
'ကောင်းပါပြီ'
'ဒါဆိုSystem world 1ကိုသွားကြတာပေါ့
ကူးပြောင်းမှုစတင်ပါပြီ'ဆိုတဲ့စကားအဆုံးမှာBuo Xainတစ်ယောက်ခေါင်းမူးကာစုပ်ယူသလိုခံစားလိုက်ရသည်။
Bian Buo Xain
Byun Beakhyun
နှစ်ယောက်လုံးတူတူပါဘဲနောိ
YOU ARE READING
My system 6104
FanfictionSystem world ဘယ်နှခုလောက်ကို ပြောင်းရအုန်းမှာလဲ Beakhyun Host စိတ်ထိန်းပါ System 6104