Love Between Us ~~~
ဆိုးလ်နဲ့ အလှမ်းဝေးတဲ့ နယ်မြို့လေးတစ်ခုမှာ Jimin ကြီးပြင်းခဲ့တယ်..။
နယ် မြို့လို့ ဆိုပေမယ့်လည်း ရှေးအရင်က ကျေးရွာလေး ဖြစ်ပြီး အိမ်ခြေတွေ များလာတာနဲ့ အမျှ လူဦးရေ တိုးလာတာကြောင့် မြို့ ဖြစ်လာသည်ဟု ဆိုရမည်။မြေးအဘွား နှစ်ယောက်တည်း ရုန်းကန်ရတဲ့ဘဝ မှာ Jiminရှင်သန်ခဲ့ရတယ်။
အဖေတို့ လက်ထက်က အဆင်ပြေ ကုံလုံခဲ့တဲ့ အိမ်ရဲ့ စီးပွားရေး ကလည်း ကံကြမ္မာရဲ့ ကြည်စားမှုမှာ အချိန်မတန်ပဲ မတော်တဆဆိုတဲ့ ခေါင်းစဉ်ရဲ့အောက် မိဘနှစ်ပါးလုံး ကောင်းကင်ဘုံဆီ သွားနှင့်ပြီးတဲ့နောက် ဆုတ်ယုတ်လာခဲ့တယ်။
လူမမယ်အရွယ်လေးပဲ ရှိသေးတဲ့ Jiminရယ် ၊အိမ်တွင်းမှု နိုင်နင်းတာကလွဲရင် ဘာမှ မလုပ်တတ်တဲ့ အဘွားရယ် ပဲ ကျန်ခဲ့တဲ့အချိန်...
ပိုင်ခဲ့ဖူးတဲ့ လယ်ကွက်တွေ ဟာလည်း ဦးစီးဦးဆောင်လုပ််မယ့်သူ မရှိတော့ တဖြည်းဖြည်း သူများတွေလက် ရောက်ကုန်ကြတယ်..။
အကျိုးဆက်ကတော့ နေစရာ အိမ်ခပ်သေးသေးလေးတစ်လုံး ပါတဲ့ ခြံဝန်းသေးသေးလေး ပဲ မိဘ အမွေအနှစ်အဖြစ် ကျန်ခဲ့တယ်။Jiminရဲ့ ပညာရေးလည်း ဆုံးခန်း မတိုင်ခဲ့ဘူး။
ဘွားရဲ့ ကျန်းမာရေး စရိတ်၊ အိမ်ရဲ့ စားဝတ်နေရေး၊ ဘယ်လောက်ဆပ်ဆပ် မကုန်နိုင်တဲ့ အကြွေးသံသရာတွေ ရဲ့ ကြား ပညာရေးကို Jimin လက်လျှော့လိုက်ရတယ်။အရွယ်နဲ့ မလိုက်အောင် ရွာထဲက ပိုက်ဆံရတဲ့ ဘယ်အလုပ်မဆို jiminပြေး လုပ်တော့တယ်။
ရေတွင်းတူးလည်း Jiminပါတယ်၊ မြောင်းဖော် တာ မြက်ပေါက်တာ၊ ယုတ်ဆွ အဆုံး ပုလင်းခွံ ဗူးခွံတွေ ရောင်းတာအထိ၊
ဟိုလူခေါ်ခိုင်း ဒီလူ ခေါ်ခိုင်း အကုန် စိတ်ရှည်ရှည်နဲ့ လုပ်ကိုင်ပေးတယ်။တန်ရာတန်ကြေးတော့ ပြန်တောင်းတာပေါ့။
ဘဝ အတွေ့အကြုံတွေက အရွယ်နဲ့ မမျှ ခဲ့တဲ့နောက်မှာ Jiminသူများကို အားမနာတတ်တော့ဘူး။
အားနာနေရင် ကိုယ်ပဲ ခံရတယ်။
Jiminက အတန်းပညာသာ ဆုံးခန်းမတိုင်ပေမယ့် အသက်မွေး ဝမ်းကျောင်းမှာတော့ တစ် ပြေးသည်။