《 Dumb 》

6.6K 1K 33
                                    

ဒီနေ့ကတနင်္လာနေ့

ရိပေါ်ကရှောင်ကျန့်ကိုတရားဝင်လိုက်မယ်

ပြဿဒါးလားရက်ရာဇာလားမသိပေမယ့်ရည်ရွယ်
ချက်ကရှောင်ကျန့်ကိုသူရဖို့ပါပဲ

နေ့လည်စာဗူးလေးလည်းပြင်လာတယ်

ဟိုနေ့ကသင်တန်းမှာသင်ခဲ့သမျှထဲအာလူးကြော်တစ်မျိုးပဲမှတ်မိတာမို့မားမားချက်ပေးထားတဲ့ထမင်းနဲ့
သူကြော်တဲ့အားလူးကြော်က သူ့အနာဂတ်
ကောင်လေးအတွက်

ခုကစလို့ရှိသမျှနည်းအကုန်ထုတ်သုံးတော့မယ့်သူဟာ
ဝမ်ရိပေါ်ပဲဖြစ်တယ်

ကျောင်းချိန်နီးပီမို့ထမင်းဗူးလေးဆွဲပီးထွက်လာတော့
ခြံရှေ့မှာရပ်စောင့်နေတဲ့သူ့ကောကောကလတ်လတ်ဆတ်ဆတ်လေပြေအေးလေး

"ရိပေါ်ကျောင်းချိန်နီးနေပီကို မြန်မြန်လာသွားမယ်"

နူးညံ့လိုက်ပုံများ ရိပေါ်မနက်ခင်းလေးကပန်းတွေပွင့်ကုန်တယ်

အဲ့တာကြောင့်လူတွေကပြောတာနေမှာအချစ်ကိုခံစားမိသွားရင် အရာရာကပျော်ဝင်ချင်စရာကောင်း
လောက်အောင်နူးညံ့သွားတတ်ကြတယ်လို့လေ

ဒီနှစ်တွေအတွင်းသူဘာလို့များတုံးအမိခဲ့မိပါလိမ့်

သူ့အတွက်အရာရာကရှောင်ကျန့်ဖြစ်ခဲ့ပါရက်နဲ့
တောင်ချစ်ရကောင်းမှန်းမသိခဲ့ဘူး

ခု သိသွားပြန်တော့လည်းဝမ်ရိပေါ်ကရှောင်ကျန့်ကို
တွေ့ရာမြင်ရာချစ်ချင်နေတော့တာ

ကိုကိုကသူအမြဲနစ်ဝင်ချင်နေတဲ့ခေါင်းအုံး
အိအိလေး

"ဒီမှာ မင်းအတွက်"

ရိပေါ်လက်ထဲကထမင်းဘူးကိုမြင်တော့ရှောင်ကျန့်က
မချိပြုံးလေးပြုံးပီးတွေးတယ်
သူအဆင်ပြေလောက်ပါတယ်နော်
အသက်တော့ရှင်ချင်သေးတယ်လေ

"မင်းလုပ်လာတာလား"

"အင်းလေမင်းကိုချက်ကျွေးမယ်ပြောထားတယ်လေအာလူးကြော်လာတာ"

"အော်"

ရှောင်ကျန့်ကသက်ပြင်းသေးသေးလေးခိုးချမိတယ်
အော်လူးကြော်လောက်ဆို တော်ပါသေးတယ်လေ
ရိပေါ်အပင်ပန်းခံထားတာမို့ သူဒီလောက်တော့စားနိုင်ပါတယ်

𝐘𝐨𝐮𝐧𝐠 , 𝐃𝐮𝐦𝐛 & 𝐀𝐝𝐨𝐫𝐚𝐭𝐢𝐨𝐧 (Completed)Where stories live. Discover now