🍒Part 3🍒
🍒CheerFul BitcheS🍒
_Sweet Night Club_
တစ်ယောက်ပြီးတစ်ယောက်ရောက်လာခဲ့တယ် အကြောက်တရားကင်းမဲ့နေတဲ့မျက်နှာတွေနဲ့ပေါ့ ရွှေသွင်းဖြူ ရင်ထဲကနေလက်ခုပ်တီးမိတယ် သူတို့အားလုံးကို ရဲရင့်ခြင်းဆုဖလား ပေးသည် ဆိုတော့ကား ကြောက်နေတဲ့သူက သူမတစ်ယောက်တည်းပေါ့
"Cheer....!!"
၉ယောက်လုံးခွက်ချင်းတိုက်လိုက်ကြသည် သူတို့အသံက သိပ်မကျယ်ပါ Clubအတွင်း ဆူညံမှုများကြောင့်ဖြစ်သည်
ချမ်းငြိမ်း-"ငါသွားပျော်လိုက်အုန်းမယ်"
ဆုသည်းဦးဝင့်-"ကလေးအဖေ ဖြစ်မသွားစေနဲ့နော်"
ချမ်းငြိမ်း-"ငါကInnocenceလေးပါ :") "
ချမ်းငြိမ်း ပြောကာထွက်သွားခဲ့သည်
ထိုက်မိုးထက်-"မနက်ဖြန် မနက်ကိုးနာရီ Star Beach ခရီးစဉ်ရှိတာမို့လို့ နောက်ကျတဲ့ထိမနေဘူးနော်"
ရွှေသွင်းဖြူ-"နေခိုင်းရင်တောင်မနေဘူး"
သော်တာမောင်-"ခ်ခ်ခ်"
မေသလင်းမြူ-"ဒီတိုင်းပဲထိုင်နေကြတော့မှာလား သွားကဲကြမယ်လေ"
ရွှေသွင်းဖြူ-"ငါတော့မသွားဘူး ပွတ်တီးပွတ်တက်တွေနဲ့ အီး..."
မောင်းဧသရီ-"ဒါဆိုလည်း နင်တစ်ယောက်တည်းပဲနေခဲ့တော့"
ရွှေသွင်းဖြူ-"ဟာ... မရဘူးလေ ကိုမိုးထက် မသွားပါနဲ့လား? နော် နော်"
ထိုက်မိုးထက်-"အ အင်း ငါဒီမှာပဲ ရွှေနဲ့နေခဲ့လိုက်တော့မယ်"
မောင်းဧသရီ-"ပြီးတာပဲ... သွားမယ်"
ဒီလိုနှင့် ချမ်းငြိမ်းသည် မိန်းကလေးများကြားတွင်ရောက်နေသည် မေသလင်းမြူနှင့် ဆုသည်းဦးဝင့်သည် မျက်နှာချင်းဆိုင်ထိုင်ကာ သောက်နေကြသည် ဟိန်းမင်းစည်သူနှင့် ခွန်းသူရကျော်ထင်တို့သည် ဂျင်ဝိုင်းတွင် အတူရှိနေသည် ထိုက်မိုးထက်နှင့်ရွှေသွင်းဖြူသည် အရင်နေရာမှာပဲထိုင်ကာ စကားပြောနေကြသည် မောင်းဧသရီနှင့်နတ်သမီးသော်တာမောင်တို့သည် တစ်နေရာသို့ အပြေးသွားနေကြသည်
YOU ARE READING
ChEErfULl BiTcHeS✔
RomanceFRIENDZONE🔞 You can read both Zawgyi and Unicode Start Date_25.3.2010 End Date-6.4.2020 OwnCreation(Not Translation)