Game:01;Chapter:07

2.6K 307 17
                                    

Unicode

သူမထိုအင်တာဗျူးမည့်အခန်းထဲရောက်တော့အခန်းထဲတွင်ဇာတ်လိုက်မကျဲမုလင်အပါအဝင်အလုပ်လာလျှောက်သူသုံးယောက်ကထိုင်နေကာသူတို့ရှေ့တွင်ဌာနအချို့၏ဌာနမှူးများမှာလည်းဟိတ်ဟန်အပြည့်နှင့်ထိုင်နေကြလေသည်။

သူမလည်းကျဲမုလင်တို့ဘက်ကိုတည့်တည့်ကြည့်ကာ
"အလယ်ကတစ်ယောက်အောင်တယ်
ပြီးတော့ ဒီ Design ပိုင်ရှင်အောင်တယ်
ကျန်တဲ့တစ်ယောက်ကတော့နောက်တစ်ကြိမ်မှထပ်ကြိုးစားကြည့်ပါ
ဒီတစ်ခေါက်ကိုဒီအဆင့်ထိရောက်တယ်ဆိုတော့နောက်တစ်ခေါက်ဆို ကိုယ်တို့ဌာနကိုလာနိုင်လိမ့်မယ်လို့ကိုယ်ထင်တယ်
Good Luck! "

သူမပြောစရာရှိတာပြောပြီးပြန်ထွက်ရန်ပြင်တော့သူမမျှော်လင့်ထားသလိုပင်အမှန်တရားဘက်တော်သားကြီးမှထပြောတော့လေသည်။
ဘာကြောင့်လဲဆိုတော့အဖြုတ်ခံရတဲ့တစ်ယောက်ကသူနဲ့အတော်အတန်ရင်းနှီးနေကာထိုတစ်ယောက်ကကျတယ်ဆိုတာသိကတည်းကငိုနေသောကြောင့်ပင်။

"ဒီမှာ
ရှင်အဲ့လိုပြောချင်သလိုပြောပြီးထွက်သွားလို့ရမလား"
အခန်းထဲမှာရှိတဲ့လူတိုင်းကလည်းထိုကောင်မလေးကိုစိတ်ထဲကနေသာဖယောင်းတိုင်ထွန်းပေးကာ Brave yourself လို့သာစိတ်ထဲကနေကျိတ်ဆုတောင်းပေနေကြတော့လေသည်။

"အဲ့တာဆိုပြောပါဦး
ကိုယ်ဘယ်လိုပြောရမလဲလို့
ကိုယ်ကဒီမှာဒီဇိုင်နာလာရွေးတာလေ
အခုရွေးပြီးပြီလေ
အဲ့တာကိုကိုယ်ကမထွက်သွားဘဲဒီမှာဘာလုပ်နေရမှာလဲ
ဟောခန်းကအချိန်နဲ့သုံးရတာကိုယ်နေချင်သလိုနေလို့မရဘူးလေ"

သူမပြန်လှည့်ကာလက်ပိုက်လိုက်ပြီး
"အိုး ဟုတ်လား
ကိုယ်ကိုပြောပြစမ်းပါဦး
သူကဘာလို့ဒီဇိုင်းနာဖြစ်ဖို့မထိုက်တန်တာလဲ
ချမ်းသာလို့လား
သူ့ဝတ်ထားတာတွေကအရမ်းဈေးကြီးနေလို့လား
မင်းနဲ့အပေါင်းအသင်းမလုပ်လို့လား
ဒါမှမဟုတ် မင်းမနာလိုလို့လား"

"မ..... မ .... ဟုတ်ပါဘူး"

"အဲ့တာဆိုကျတာမင်းလား"

"မဟုတ်ဘူး"

"အဲ့တာဆိုဘာလို့ဝင်ပြောနေတာလဲ
အရေးကြီးတာမင်းအလုပ်ရတာပဲလေ
မင်းပြောတဲ့လူတွေအကုန်အလုပ်ခန့်ပေးရအောင်လည်းငါတို့ကပရဟိတလုပ်ငန်းလုပ်နေတာမှမဟုတ်တာ
ပြီးတော့မင်းသူငယ်ချင်းရဲ့နေရာကိုသူလုတယ်ထင်တယ်မလား
သူလုတာမဟုတ်ဘူး
မင်းသူငယ်ချင်းနေရာကိုမင်းလုတာ
အဲ့တော့မကျေနပ်ရင်မင်းနဲ့မင်းသူငယ်ချင်းနဲ့ညှိပြီးဘယ်သူအလုပ်ဆင်းမလဲဆုံးဖြတ်ပေါ့

MISSION-II {Rest}Tahanan ng mga kuwento. Tumuklas ngayon