Atar part 1

2.4K 59 0
                                    

Atar. Part1

"၀မ်းသာတယ်ကွာ"

"အေးကွာမတွေ့ရတာတောင်ကြာပေါ့"

ငယ်စဉ်ကတည်းကပေါင်းလာခဲ့တဲ့သူငယ်ချင်းလင်းစက်နွေဦး
ပြိုင်ဖက်တစ်ယောက်လို့‌ပြောရင်လည်းမမှားပါ
လင်းစက်သည်တော်သည် ချောသည်
အရာရာမှာသူနဲ့ယဉ်ပြိုင်နိုင်သည့်သူငယ်ချင်းဖြစ်သည်

"မင်းကွာအသားတွေတောင်ပို ဖြူလာတယ်
ငါနိုင်ငံြ ခား 5လသွားတာတောင်ဖြူမလာဘူး"

"ကုသိုလ်ကံ ချင်းလည်းကွာတယ်လေကွာ"

"သောက်ကောင်ဘုန်းမြတ်"

လင်းစက်ဝန်မခံချင်လည်းဝန်ခံရမည်
ဘုန်းမြတ်ဆိုတဲ့သူ့သူငယ်ချင်းဟာလေ
ရန်ကုန်လိုပူ ပြင်းတဲ့ဒေသမှာ
အလုပ်ကလည်းအင်ဂျင်နီယာ ဆိုက်ထဲဆင်းပြီးတစ်နေ
ကုန်လုပ်ရတာ
အသားဆိုတာမဲတယ်မရှိပိုလို့ ဖြူလာသည်

"ဒါနဲ့အဒေါ်တို့ကောနေကောင်းရဲ့လား"

"ကောင်းပါ့ဗျာ
ဟိုငနာလေးကိုလည်းခေါ်လာရတာခေါင်းနပန်း
ကြီးပါ့"

"ဟအဲ့လောက်တောင်ဘဲလား"

"အဲ့ထက်တောင်ဆိုးတယ်ကွ"

လင်းစက်ရဲ့ညီ
ကျွန်တော့ထပ်7နှစ်ငယ်သည်
ငယ်စဉ်ကပါးဖောင်းဖောင်း
အသားဖြူ ဖြူနှင့်ဝတုတ်ကလေး
အနေအေးပါတယ်ဆိုတဲ့ကလေးကဆိုးတယ်တဲ့

"လာရင်းကို‌ပြောပါအုံး"

လင်းစက်ရှေ့မှာချထားတဲ့ကော်ဖီခွက်ကိုသာ
ငေးကြည့်နေရင်း

"ဟင်း.....သူ့ကိုမင်းအလုပ်မှာခေါ်ထားစေ
ချင်လို့"

"ဟမ်"

"အင်း သူကဆောက်လုပ်ရေးပိုင်းနဲ့ဘွဲ့ရ ပြီးပြီ
မင်းစီမှာအလုပ်သလဘာလေးသိအောင်သင်ခိုင်း
ချင်တာ"

"သင်ခိုင်းတာကရပါတယ်
သူကကောအဆင်‌ပြေပါ့မလား"

"မ‌ပြေလို့မရဘူး
အဖေတို့ကိုယ်တိုင်ထည့်ခိုင်းတာ"

"အေးပါကွာ။ အခုသူကော"

"မပါဘူး"

ဘုန်းမြတ်ဆွံ့အသွားသည်
အလုပ်မှာသင်ကြားချင်သူကပေါ်တောင်
မလာသေးမဟုတ်လား

Atar Where stories live. Discover now