🍒Part 4🍒

738 24 6
                                    

🍒Part 4🍒

🍒CheerFul BitcheS🍒

မိနစ်ပိုင်းလောက်မှာ နတ်သမီးသော်တာမောင် လက်ဆွဲအိတ်တစ်အိတ်ဖြင့် ဝင်လာခဲ့သည် သူမမျက်နှာသည် ပြုံးဖြီးဖြီးဖြစ်နေသည်

"ဒီမှာ ဝတ်ကြည့်လိုက်ပါ အင်္ကျီကော ဘောင်းဘီကော Boxerကော ဝယ်လာတယ်"

မောင်းဧသရီက လက်ဆွဲအိတ်ကိုယူပြီး Ichigorou ကို ပေးလိုက်သည် Ichigorouက အံ့ဩမှုအပြည့် ပါးစပ်အဟောင်းသားလေးနှင့် လက်ဆွဲအိတ်ကိုယူလိုက်သည်

"သွားဝတ်လိုက်"

"ဟုတ်ကဲ့"

Ichigorouက လက်ဆွဲအိတ်ဖြင့် သူ့ရဲ့ဆင်လေးကိုကိုင်ကာ ကုတင်ဖက်သို့သွားပြီး အဝတ်အစားဝတ်နေသည် သော်တာမောင်က စပ်ဖြီးဖြီးနှင့် မောင်းဧသရီဘေးဝင်ထိုင်ကာ မျက်လုံးလေးပုတ်ခပ်ပုတ်ခပ်လုပ်ပြရင်း နှစ်ကိုယ်ကြားနိုင်သောအသံဖြင့်ပြောလာသည်

သော်တာမောင်-"သူလေးက နင်ဘာလုပ်လိုက်လို့ ကြောက်နေတာလဲ?"

မောင်းဧသရီ-"ဖြစ်တတ်ပါတယ်"

သော်တာမောင်-"ခွီး..... ယုံလိုက်မယ်နော် သူ့ကိုအနောက်ပေါက်ကနေ ခေါ်သွားလိုက်တော့ ငါနင်ပြန်သွားပြီလို့ပြောလိုက်မယ် ကားပါလာတယ်မလား"

မောင်းဧသရီ-"အင်း ပြီးတော့ ငါဝယ်ထားတဲ့အကြောင်း ဘယ်သူ့ကိုမှမပြောနဲ့နော်"

သော်တာမောင်-"Ok ဒါဆို ငါသွားပြီနော် ညကျရင် Messageပို့လိုက်မယ် အဆင်ပြေပါစေ ခ်ခ်ခ်"

သော်တာမောင် ထွက်သွားတော့ Ichigorouလည်း အဝတ်အစားဝတ်ကာ ထွက်လာခဲ့သည် အဖြူရောင်T-shirtနှင့် Blue pants ကိုဝတ်ထားသော ချစ်စရာ Ichigorouလေးကို မောင်းဧသရီကျေနပ်စွာကြည့်ကာ ပြောလိုက်သည်

"အိမ်ပြန်ရအောင်"

*အိမ်*ဆိုတဲ့အသုံးအနှုန်းကြောင့် Ichigorou စိတ်ထဲပျော်သွားသည် သူတော်တော်ကံကောင်းပါသည် ရောင်းခံလိုက်ရသောSex Salveများအတွက် သဘောကောင်းသောသခင်မျိုးမရှိပါ သူသည် အဖေဖြစ်သူ၏အကြွေးများကြောင့် အရောင်းခံလိုက်ရပြီး ဒီနေရာသို့ရောက်လာခဲ့သည် အနာဂတ်အလင်းရောင်မှောင်မဲသွားခဲ့သည် သူ့ပုံစံကြောင့် ယောကျာ်းလေးသခင်ဆီသာရောက်မည်ဟုထင်ထားခဲ့သည် အခု မဟုတ်တော့ပါ အလင်းရောင်များတဖြည်းဖြည်း မြင်ရလာသည် သူမနာမည်ကိုမသိသော်လည်း သူမကသူဌေးဖြစ်မည် သူ့အတွက်ကယ်တင်ရှင်ဖြစ်မည် ထို့ကြောင့်သူသည် သူမအပေါ်အမြဲသစ္စာရှိကာ သူမအတွက် ယုံကြည်အားထားရသောသူဖြစ်အောင် လုပ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်

ChEErfULl BiTcHeS✔Where stories live. Discover now