🍒Part 5🍒

649 18 8
                                    

🍒Part 5🍒

🍒CheerFul BitcheS🍒

_Tomorrow At Light High School_

ကျောင်း၏ကွင်းပြင်တွင် ကျောင်းသားများစုနေကြသည် အားလုံးက အထုတ်အပိုးကိုယ်စီဖြင့် စည်းကားလျက်ရှိသည် သူမတို့Clubသည် လူစုံလုနီးပါးရှိနေပြီ ခွန်းသူရကျော်ထင်နှင့်ဟိန်းမင်းစည်သူတို့လည်း ရောက်နေပြီ

ရွှေသွင်းဖြူ-"မလာသေးဘူးလား ကြာလိုက်တာ တွေ့ချင်နေပါပြီဆို"

ဆုသည်းဦးဝင့်-"ငါသစ်ကုလားအုတ်ဖြစ်တော့မယ် မြန်မြန်လာပါတော့ ကောင်လေးရေ"

သော်တာမောင်-"ကောင်မတွေ ရွမနေကြနဲ့ လာတော့မှာ ဟိုကနင်တို့ကိုကြောက်ပြီး ထွက်ပြေးသွားဦးမယ်"

မေသလင်းမြူ-"ပြောလိုက် ပြောလိုက်"

ဆုသည်းဦးဝင့်-"နင်တို့နှစ်ယောက်လုံး အတိုက်အဖောက်ညီနေကြတယ်ပေါ့ ဒီကိုလာစမ်း"

မေသလင်းမြူ-"မလာဘူး မလာဘူး ခ်ခ်"

မေသလင်းမြူကပြောင်ပြီး ပတ်ပြေးသည် ဆုသည်းဦးဝင့်က အနောက်ကနေ ပြေးလိုက်သည် အကုန်လုံး ဝိုင်းရယ်ကြသည် မေသလင်းမြူပြေးနေရာက ရုတ်တရပ်ရပ်သွားသည် နောက်ကပြေးလိုက်နေသော ဆုသည်းဦးဝင့် အရှိန်ဖြင့်ဝင်တိုက်လိုက်သောကြောင့် နှစ်ယောက်သား လဲကျသွားသည်

မောင်းဧသရီ-"ထကြပါတော့အေ အိပ်ယာများမှတ်နေကြတာလား?"

မောင်းဧသရီက ထူပေးသည် အလုံးရဲ့အကြည့်က မောင်းဧသရီဘေးက Ichigorou တွင်ဖြစ်သည် Ichigorouသည် မျက်လုံးလေး ကစားကာ တအံ့တသြောနှင့် ဟိုကြည့်ဒီကြည့်လုပ်နေသည်

ဆုသည်းဦးဝင့်-"ချစ်စရာလေးပဲ"

သော်တာမောင်-"အင်း နင်နဲ့မလိုက်ဖက်ဘူး"

ဆုသည်းဦးဝင့်-"ကောင်မ နင်သေမယ်"

သော်တာမောင်က ပတ်ပြေးသည် ဆုသည်းဦးဝင့်က အနောက်ကနေ ပြေးလိုက်သည် အကုန်လုံးရယ်ကြပြန်သည် ခုနကအဖြစ်ပျက်နှင့်မတူစွာဖြင့် ဆုသည်းဦးဝင့်သည် ပြေးရင်း တစ်စုံတစ်ယောက်နှင့်တိုက်မိကာ ချမ်းငြိမ်းပေါ်သို့ မျက်နှာချင်းဆိုင် လဲကျသွားသည် နှစ်ယောက်သားလဲကျသွားရာက မတော်တဆ နှုတ်ခမ်းချင်းပူးကပ်သွားလေသည်

ChEErfULl BiTcHeS✔Where stories live. Discover now