LD-P14|လှောင်ထေ့ခံရတိုင်း ခေါင်းငုံ့မခံနဲ့ [Edited Version]

6.2K 463 8
                                    

#unicode

|အခန်း(၁၄)|လှောင်ထေ့ခံရတိုင်း ခေါင်းငုံ့မခံနဲ့

Gay? ကျွန်တော် ဘယ်ယောက်ျားတွေမှမကြိုက်သလို၊ ဘယ်ယောက်ျားတွေကိုမှလည်း မမြှူဆွယ်ဖူးဘူး။ "ကိုကို"...ပထမဆုံးသဘောကျမိတဲ့လူက ယောက်ျားလေးတစ်ယောက်ဖြစ်တာတောင် တိတ်တိတ်လေးပဲသဘောကျနေခဲ့တယ်၊ ဖြားယောင်းသွေးမဆောင်ခဲ့သလို နီးစပ်အောင်လည်း မကြိုးစားခဲ့ဘူး။ ဒီခြောက်နှစ်တာလုံး တိတ်တိတ်လေးပဲ။

***

နေ့လည်ပိုင်း part-timeပြီးတဲ့ရိပေါ်ဟာ ညနေပိုင်း part-timeဖြစ်တဲ့ ခေါက်ဆွဲဆိုင်သို့တစ်ဖန်၊ ကူးရပြန်သည်။ ထုံးစံအတိုင်း မီးဖိုအခန်းအဝနားမှာ စီချိတ်ထားတဲ့ ခါးတစ်ဝက်အေပရွန်အမည်းကိုဝတ်နေတုန်း။ ရောက်လာတဲ့ ဆိုင်ရှင်အမ။

"မင်း ဒီနေ့ကစပြီး လာစရာမလိုတော့ဘူး"

ရိပေါ်ရဲ့ ခါးစည်းကြိုးချည်နေတဲ့ လက်တွေက လျော့ရဲလို့သွားသည်။

"ကျဲ...ကျွန်တော် ဘာအမှားများ လုပ်မိလို့လဲဗျာ"

"ဘာအမှားလဲ ဟုတ်လား?မင်း မနေ့က customer ကို ဘာလုပ်လိုက်လဲ"

မနေ့ကကိစ္စကြောင့်တဲ့လား? မနေ့ကကိစ္စမှာ တစ်ကယ်တမ်းမှားတဲ့သူက သူမဟုတ်ဘူးလေ။ ပြီးတော့...လက်လွန်မိသွားတယ်ဆိုရင်လည်း ဒါက အလိုအလျောက်တုံ့ပြန်တတ်တဲ့သဘောတရားပဲမဟုတ်ဘူးလား။ အဲ့ကိစ္စအတွက်နဲ့ အလုပ်ကထုတ်ရလောက်အောင်အထိဖြစ်သွားမယ်ဟု တစ်ကယ်မထင်ထား။

"ဒါက...ကျွန်တော်မရည်ရွယ်ဘဲ...ပြီးတော့ အဲ့လူဘက်က အရင်ဆုံး ကျွန်တော့်ကို ထိကပါးရိကပါးလာလုပ်တာလေ..."

"ဘာပဲဖြစ်ဖြစ် မင်းသည်းခံရမှာပဲလေ... အဲ့လူဘာလုပ်လုပ် မင်းငြိမ်ခံနေရမှာပဲ...မင်း ရုပ်ရည်ကိုက ယောက်ျားတွေကို မြှူဆွယ်နေတဲ့နေရာမှာ ဆရာကြီးပဲမဟုတ်လား...အခုတော့ မင်းလုပ်လို့ ငါ့ဆိုင်နာမည်ပျက်ပြီး ဖောက်သည်တစ်ယောက် ဆုံးရှုံးရတယ်"

"သည်းခံတယ်...ကျွန်တော်သည်းခံခဲ့တာပဲလေ...!! ရုပ်ရည်? ကျွန်တော့်မျက်နှာက ဘယ်သူ့ကိုမှ မဖြားယောင်းသလို၊ မြှူဆွယ်ရအောင်လည်း ကျွန်တော်က မိန်းမမဟုတ်ဘူး!! ကျဲ... ကျွန်တော် အရာအားလုံးကိုသည်းခံနိုင်တယ်... ဒါပေမယ့် ကျွန်တော့်ကို ဒီလိုအခြေအမြစ်မရှိတဲ့စကားမျိုးနဲ့တော့လာမစော်ကားနဲ့... ကျွန်တော်ခေါင်းငုံ့ခံမှာမဟုတ်ဘူး"

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Tahanan ng mga kuwento. Tumuklas ngayon