#unicode
|အခန်း(၁၅)| "သူမက...သူမမဟုတ်တဲ့ သူ!!!"
"ငါ အဲ့မိန်းကလေးကို မြင်ဖူးသလိုပဲ!! လုံးကုပ်နေတဲ့ ရွှေဝါရောင်ဆံပင်၊ ကြည်လဲ့နေတဲ့ ဇာမဏီမျက်လုံးကျဥ်းလေး...!! ပြီးတော့... နှာတံလုံးလုံးလေး!! အထူးသဖြင့် နှုတ်ခမ်း... အဲ့ဒီ့နှင်းဆီဖူးလို နီထွေးနေတဲ့နှုတ်ခမ်းလေးကို ငါရင်းနှီးနေသလိုပဲ..."
***
ဝန်ထမ်းကောင်လေးခေါ်သွားတဲ့အနောက်လိုက်သွားတဲ့ရိပေါ်။ ခေါ်သွားတာက တစ်ခြားနေရာတော့မဟုတ်၊ Dressing Roomတစ်ခု။ လီလီဆိုတဲ့အမလည်းရှိနေကာ၊ သူမက ရိပေါ်ကို မိန်းကလေးအဝတ်အစားတွေဝတ်ဖို့ တွန်းအားပေးနေ၏။
"ကျွန်တော် ဒါကို တစ်ကယ်ပဲ ၀တ်မှဖြစ်မှာလား... ကျွန်တော် မ၀တ်လို့မရဘူးလားဟင်"
ထိုအဝတ်အစားများကိုကြည့်ပြီး သူငြင်းဆန်မိတော့...
"အမတို့လည်း အကူအညီတောင်းတာပါ ရိပေါ်ရယ်... ဒီနေ့မှ အကခေါင်းဆောင်ကောင်မလေးက အူအတက်ပေါက်လို့ ဆေးရုံတက်နေရတာ...အမတို့လည်း ကြေငြာပြီးသားဖြစ်နေတော့ ဖျက်လို့မရလို့ပါ...ကူညီပါနော်"
...တောင်းဆိုသလိုလေးပြောလာတဲ့သူမက အမှန်တစ်ကယ်ပဲ ရိပေါ်ရဲ့ အကူအညီကိုလိုအပ်နေသည့်အတိုင်း။
"ဒါပေမယ့်...ဒါကြီးက...မဟုတ်သေးဘူးလေ... ကျွန်တော်က ယောက်ျားလေးလေ...ပြီးတော့ ကျွန်တော်မှ... မကတတ်တာ... ကျွန်တော်က ဒီ လိုမျိုး၀တ်ပြီး အလုပ်လုပ်ဖို့လာတာမှမဟုတ်ဘဲ... အမ ကျွန်တော့်ကို တစ်ခြားနေရာတွေ အလုပ်ပေးလို့ရပါတယ်၊ ဘယ်နေရာဖြစ်ဖြစ်လေ!! ဒါပေမယ့် ဒီဟာကြီးကိုတော့..."
"ရိပေါ် ကတတ်မှန်း အမသိပါတယ်နော်...ကူညီပေးပါနော်...ပြီးတော့ ရိပေါ်ရဲ့ အဓိကမေဂျာက အကမဟုတ်လား...ကူညီပေးပါ ရိပေါ်ရယ်..."
အသံကိုနှိမ့်ကာ၊ မျက်နှာကို မန်ကျည်းရွက်လောက်လေးလုပ်ပြီးပြောနေတဲ့ လီလီကြောင့် ရိပေါ်လည်းမတတ်သာ။ သူကိုက ဒီလိုနေရာကိုလာခဲ့မိတာကိုး။ သူတို့ခိုင်းတာလုပ်ရတော့မှာပေါ့၊ ဘယ်တတ်နိုင်ပါ့မလဲ ဟမ်း....!
أنت تقرأ
LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)
أدب الهواةUnicode+ Zawgyi ZSWWSZD ✔️ [50parts+ 6extra] #Unicode ခရမ်းပွင့်ရောင် lilac ပန်းတွေရယ်... ကိုကို့ နာမည်လေးထွင်းထားတဲ့... ပုဝါဖြူလွလွလေးရယ်.... ကိုကို ကြိုက်တဲ့ Green Tea လေးရယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပွားလေးရယ်... #Zawgyi ခရမ်းပွင့်ရောင် l...