"သား Jung Kook မထသေးဘူးလား"
အမေဖြစ်သူရဲ့ အသံကြောင့် Jung Kook အိပ်ချင်မူးတူးနဲ့ နိုးလာသည်။
"သားနိုးပြီ Omma"
"ဒါဆို ပြင်ဆင်ပြီး အောက်ဆင်းခဲ့နော် သား"
"ဟုတ်ကဲ့ Omma"
Jung Kook အမေဖြစ်သူကို ပြန်ဖြေပြီးတာနဲ့ သန့်ရှင်းရေး လုပ်လိုက်သည်...ပြီးသည်နှင့် အနက်ရောင်ရှပ်အင်္ကျီနဲ့ အားကစားဘောင်းဘီ အနက်ရောင်ကို ဝတ်ပြီးဆင်းလာလိုက်သည်။
Jung Kook ဆင်းလာတော့ အမေဖြစ်သူက မျက်စောင်းထိုးလာတာကြောင့် Jung Kook ပြုံးပြလိုက်သည်...။
"ဒီကလေး အနက်ရောင်တွေ မဝတ်ပါနဲ့ဆို"
"ဒီကလေး အနက်ရောင်တွေ မဝတ်ပါနဲ့ဆို"
ပြိုင်တူထွက်လာတဲ့ အသံနှစ်သံကြောင့်
Jung Kook ရယ်လိုက်ပေမယ့် အမေဖြစ်သူကတော့ သူ့ရင်ဘတ်ကို လာရိုက်သည်။"ပျော်နေလား အရှုပ်ထုပ်လေး"
"Ommaကလည်း သားကချစ်လို့စတာပါ ပြီးတော့ အနက်ရောင်က မိုက်ပါတယ်"
"အဲ့စကားပဲ ပြောပြန်ပြီ Ommaက သားဘဝက ဒီအနက်ရောင်လို မှောင်မိုက်သွားမှာဆိုးလို့ ပြောတာကို နားထောင်စမ်းပါ အရှုပ်ထုပ်လေးရဲ့"
"ကောင်းပါပြီ သားနားထောင်ပါ့မယ် Omma"
Jung Kook ခုံမှာဝင်ထိုင်လိုက်တော့ အမေဖြစ်သူက မနက်စာလာချပေးသည်။ အဖေဖြစ်သူနဲ့ အမေဖြစ်သူက
ကွာရှင်းထားတာမို့ သူကအမေဖြစ်သူနဲ့ ကျန်ခဲ့ပြီး
ကျောလောက်ရှိတဲ့ အနက်ရောင်ဆံနွယ်တွေနဲ့ အခုထိနုပျိုနေတုန်းဖြစ်တဲ့ အမေဖြစ်သူကို အဖေကဘာလို့ ကွာရှင်းတယ်ဆိုတာ
Jung Kook တွေးလို့မရ သူသာ အဖေဖြစ်သူနေရာမှာဆို ကွာရှင်းမှာမဟုတ်...။"သား အလုပ်ရှာနေတယ်ဆို"
"ဟုတ်တယ် Omma"
"အိုက်ဂူး အရှုပ်ထုပ်လေးက အခု ၁၈ပြည့်ရုံပဲရှိသေးတာလေ အိမ်မှာပဲနေပါအုံး"
သူ့ဆံပင်လေးကို ပွတ်ပြီးပြောလာတဲ့ အမေဖြစ်သူကြောင့် Jung Kook ခေါင်းခါလိုက်သည်။
"သားက Ommaကို မပင်ပန်းစေချင်တော့ဘူး နားစေချင်ပြီမို့ပါ"
"အမေ့သားလေးက လိမ္မာလိုက်တာ"
YOU ARE READING
~ဦးနှင့်အစပြု၍~ ||ⓎⓄⓄⓃⓀⓄⓄⓀ||
Short Storyအမှန်တိုင်းပြောရရင် အချစ်ကို ဦးနဲ့စသိခဲ့တာ♥️ အမှန်တိုင်းပြောရရင် အချစ်ကို ဦးနဲ့စသိခဲ့တာ♥️ ! My First Yoonkook Fic ! #September- 1 -2021 #November- 17 - 2021