🍒Part 7🍒
🍒CheerFul BitcheS🍒
_At STAR BEACH Sliver Hotel_
မေသလင်းမြူ-"ဝါး အခန်းအကျယ်ကြီးပဲ ဝိုး Bed is very soft!!!"
ဆယ်ယောက်လောက်အိပ်နိုင်သော အံ့ဖွယ်ကြီးမားတဲ့ကုတင်အနီပေါ်သို့ မေသလင်းမြူ လဲအိပ်လိုက်သည် လေးယောက်သည် အခန်းကိုလေ့လာကြည့်ရှုနေကြသည်
သော်တာမောင်-"ရေချိုးခန်း သုံးခန်းရှိတယ် ဘယ်သူရေအရင်ချိုးမှာလဲ?"
ဆုသည်းဦးဝင့်-မောင်းဧသရီ-ရွှေသွင်းဖြူ-"Me!!!!"
မေသလင်းမြူ-"သက်ကြီးရွယ်အိုတွေကို ဦးစားပေးလိုက်ပါ့မယ်"
ရွေသွင်းဖြူ-"ဝက်သားဖတ်မ!"
မေသလင်းမြူ-" ငပုမ ငပုမ!"
မောင်းဧသရီ-"အပေါက်တွေပိတ်ထားလိုက်တော့ ရေချိုးပြီးရင် ညစာသွားစားကြမယ်"
မောင်းဧသရီက သူမရဲ့အင်္ကျီကြယ်သီးတွေကို ဖြုတ်ရင်းပြောလာသည် လေးယောက်လုံးရဲ့အကြည့်က မောင်းဧသရီဆီသို့ရောက်နေတာကို မောင်းဧသရီသတိထားမိသွားတော့ သူမရဲ့အပေါ်ပိုင်းကို လက်ဖြင့်ကာပြီး အော်လိုက်သည်
မောင်းဧသရီ-"နှာဘူးမတွေ ဘယ်ကိုကြည့်နေကြတာလဲ?!"
လေးယောက်လုံးက ရယ်ကြသည် ဟုတ်ပါတယ် အခန်းထဲမှာ အဝတ်လဲခန်းမရှိပါ ဒါကြောင့် ဒီလိုချွတ်ရခြင်းဖြစ်သည် ပွင့်လင်းနေသည်မဟုတ်ပါ
ရွှေသွင်းဖြူ-"နင်တို့နှစ်ယောက် အပြင်ကိုထွက်ကြလော့"
မေသလင်းမြူ-"မောင်းထုတ်တယ်ဗျ ဟွန့် လာ သွားမယ် မမနတ်သမီး"
ဆောင့်ကြီးအောင့်ကြီးနှင့် သော်တာမောင်ကိုဆွဲခေါ်ပြီး အခန်းပြင်ထွက်သွားခဲ့သော မေသလင်းမြူကြောင့် အခန်းထဲတွင်ကျန်ခဲ့သော သုံးယောက်လုံး တဟီးဟီးတဟားဟားဖြင့်ရယ်ကျပါတော့သည်
မကြာခင်မှာပဲ နေဝင်စပြုလာသည် ကောင်းကင်၏အရောင်သည် လိမ္မော်နီရောင်သို့ ပြောင်းစပြုလာပြီ ပင်လယ်လှိုင်းခတ်သံများသည် ငြိမ့်ညောင်းနေသည် ပင်လယ်လေပြေအေးလေးကိုလည်း ခံစားနေရသည် ကမ်းခြေဘေးတွင် ရှိနေကြသော လူအုပ်ကြီးသည်လည်း စည်ကားသိုက်မြိုက်နေသည် မေသလင်းမြူနှင့် ရွှေသွင်းဖြူသည် လက်အတူတွဲကာ လူအုပ်ကြားထဲကနေ လိုရာခရီးရောက်အောင် ဖြတ်ကျော်သည် ဂီတာတီးသံကြားရသောနေရာကို သွားနေခြင်းဖြစ်သည် ဂီတာသံနှင့်အတူ နားဝင်ချိုဖွယ်ကောင်းသော သီချင်းသီဆိုသံလည်း ကြားနေရသည် ထိုအသံသည် ဆုသည်းဦးဝင့်အသံဖြစ်သည် ဆုသည်းဦးဝင့်က ဂီတာတီးကာ သီချင်းဆိုနေသည် ဆုသည်းဦးဝင့်ဘေးတွင်ရှိနေကြသော လူအများသည် သူ၏သီဆိုမှုနောက် လိုက်ပါစီးမြောနေကြသည် သို့ပေမယ့်လည်း မေသလင်းမြူနှင့်ရွှေသွင်းဖြူက ဆုသည်းဝင့်ကိုကျော်သွားကာ မနီးမဝေးက ကျောက်ဆောင်ပေါ်မှာထိုင်နေကြသော မောင်းဧသရီတို့ဆီ သွားလိုက်သည်

YOU ARE READING
ChEErfULl BiTcHeS✔
RomanceFRIENDZONE🔞 You can read both Zawgyi and Unicode Start Date_25.3.2010 End Date-6.4.2020 OwnCreation(Not Translation)