' You may Kiss'ဘုန်းတော်ကြီးရဲ့ ကောင်းချီးပေးသံ အဆုံးမှာ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ အတူ မင်္ဂလာစုံတွဲရဲ့ နှုတ်ခမ်းအစုံကလည်း တွဲယှက်လို့...
ဒီနေ့က Noona ရဲ့ Wedding...
မိသားစု မရှိတော့တဲ့ Noona အတွက် ဂျောင်ဆူးနဲ့ ရိဖန်Hyung ကသာ မိသားစုအဖြစ် နေပေးခဲ့သည်....
ငယ်ငယ်တည်းက ဂျောင်ဆူးကို ထိန်းပေးခဲ့တဲ့အမမို့ သူများလက်ထဲ ထည့်ပေးလိုက်ရတာ စိတ်မကောင်းပေမယ့် Noona ပျော်နေတာ မြင်ရတော့လည်း ဂျောင်ဆူးပါ လိုက်ပျော်နေရပြန်သည်...
ရိဖန် Hyung ကတော့ ဧည့်သည်တော်တွေ ကြားထဲ တကုပ်ကုပ်....
ကုမ္ပဏီ က ရှယ်ယာရှင်တွေလည်း ပါတာမို့ လူကြီး တစ်ယောက်အဖြစ် ရိဖန် Hyung က လှုပ်ရှားနေရပေမယ့်
ဂျောင်ဆူးက စိတ်မဝင်စားတာမို့ ခန်းမ အပြင်ထွက်ရင်း လေကောင်းလေသန့်ရှုနေမိသည်...
ဟိုဟိုဒီဒီ ကြည့်နေရင်း ဂျောင်ဆူး စိတ်ထဲ မလုံသလို ခံစားလာရသည်...
မသိရင် တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုး
လိုက်ရှာကြည့်တော့လည်း ဘယ်သူမှာ မရှိတာမို့ ကြက်သီးတွေထလာရင်း ခန်းမထဲ ပြန်ဝင်ပြေးရသည်...
မဟုတ်လို့ ရုပ်ရှင်တွေထဲကလို ရုပ်ချောချော ကောင်လေးတွေ ပြန်ပေးလိုက်ဆွဲတာဆို ခက်ရချည်ရဲ့....
ပခုံးတွေ တွန့်ခါရင်း အထဲ ဝင်ပြေးသွားတဲ့ ဂျောင်ဆူးကို ပါးချိုင့်တုလေး ခွက်ဝင်တဲ့ အထိ ပြုံးရယ်ရင်း စောင့်ကြည့်နေခဲ့တဲ့ ကောင်လေး က တကယ်ရှိခဲ့ပါတယ်တဲ့....
.
.
.
.
.
.
.
.
.
.
.' ကျစ်!... Hyung ကလည်း ကျွန်တော်ပြောသားပဲ ... ကိုယ့်ကားနဲ့ ကိုယ် လာပါမယ် ဆိုတာကို'
စနစ်တကျ ပုံသွင်းထားတဲ့ ဆံပင်တွေကို ဆွဲဖွရင်း ငြီးငြူတော့ တရားခံက သွားဖုံးတွေပေါ်အောင် စပ်ဖြဲဖြဲ လုပ်ပြတယ်...
မနက်က ပွဲလာခါနီး ကိုယ့်ကား ကိုယ် မောင်းမယ့် အစီအစဉ်က ရိဖန်Hyung ရဲ့ ကားပေါ် ဆွဲတင်ခံလိုက်ရပြီး ပျက်စီးသွားလိုက်တာဆိုတာ..
YOU ARE READING
Miracle Destiny... ☘[Completed]
Romanceဆန်းကြယ်တဲ့ ဖူးစာပါပဲ ~~ ဒီလိုနဲ့ပဲ.... ကျွန်တော်တို့ ဆုံတွေ့ခဲ့ကြတာပေါ့.. ♧♧