Atar part 5

541 31 0
                                    

Atar part5 uni

အတာသူ့ဆီမှာအလုပ်လုပ်တာ၃လရှိပြီ
အရင်ပြသနာတက်ပြီးနောက်သူ့ကို
အတာလို့သာခေါ်တော့သည်
မားဆီကိုလည်းတစ်ပတ်ကို၂ကြိမ်
လောက်သွားဖြစ်သည်

ဘုန်းမြတ်အခုချိန်ထိအသားမကျတာ
တစ်ခုဘဲရှိသည်
အတာကတစ်ပတ်မှာအနည်းဆုံး၃ကြိမ်ကလပ်တက်တယ်
မိန်းကလေးတွေကိုထည်လဲတွဲတယ်
တစ်ခါတစ်လေဟော်တယ်ထိသွားသည်
အတာအဲ့လိုလုပ်တိုင်းဘုန်းမြတ်နာကျင်
ရသည်
ဘာကြောင့်အခုလိုလုပ်သည်ကိုတွေးလို့
ပင်မရ

ထိုကိစ္စများကလွဲရင်အတာအရင်လောက်
ကျွန်တော်နဲ့သိပ်မစိမ်းတော့ပါ
နေ့လည်စာအတူစားသည်
အလုပ်အတူလာသည် အလုပ်အတူပြန်သည်
အမှန်တိုင်းပြောရင်ကျွန်တော်ခံစားချက်
တွေကိုဖွင့်ဟချင်နေပြီ
ကျွန်တော့ရဲ့ခံစားချက်တွေကြောင့်အတာ
ကျွန်တော့ကိုရွံသွားမလား
လင်းစက်ကကောခွင့်ပြုပါ့မလား

ဘုန်းမြတ်အတွေးများကိုဖျောက်ကာ
ရုံးတံခါးကိုဖွင့်လိုက်သည်

"ဘာလို့လာမှာလဲဒီမှာသားအဆင်
ပြေနေပြီ"

"............."

"အမေ့ဘာသာအဲ့မှာပျော်နေပါ
သားကိုစိတ်ရှုပ်အောင်မလုပ်ပါနဲ့"

"............."

"ဒါဘဲအမေရာဒါဘဲ"

"အတာ"

"အစ်ကိုရောက်လာပြီလား"

သူဒေါသကြောင့်ထင်သည်
မျက်နာတစ်ခုလုံးရဲနေသည် ဒီကလေးမှာ
မယကျွန်တော်မသိသေးတဲ့စိတ်ညစ်စရာ
တွေရှိနေတာလား
ကျွန်တော်သတိထားမိသလောက်တော့
အတာကသူ့အမေဖုန်းဆက်ပြီးအခါတိုင်း
ကျွန်တော်မကြိုက်တဲ့အရာတွေကိုပိုလုပ်
လာသည်

"အစ်ကိုနဲ့ဒီည ညစာလိုက်စားပါလား"

"Sorryကျွန်တော်စိတ်မပါလို့"

အတာအခန်းအပြင်ထွက်မည်အလုပ်
ဘုန်းမြတ်အတာ့လက်ကိုလှမ်းဆွဲလိုက်ကာ

"မသွားပါနဲ့လားဟင်ဒီတစ်ရက်တော့
နော်"

ကိုကို ကိုကိုဝမ်းနည်းနေတာလား
တောင်းပန်ပါတယ်ကျွန်တော်အဲ့လိုလုပ်
ရင်အဆင်ပြေမယ်ထင်လို့ပါ
ကိုကို့ကိုနာကျင်စေပြီလား

Atar Where stories live. Discover now