" ကော်ဖီသောက်ဦးမလားဗျ "
ရွှေသမက်လေးရဲ့ ကြင်နာနွေးထွေးတဲ့ မျက်နှာအမူအယာကို ဂရုတစိုက် စစ်ဆေးကြည့်ရှုနေတဲ့ သခင်ကြီးက ဆရာဝန်လေး မင်ဆော့ လက်ညိုးထိုးပြလိုက်တဲ့ ကော်ဖီစက်လေးကို ဖျတ်ခနဲ လှမ်းကြည့်တယ်၊ ပြီးတော့ သူ့သားငယ်လိုပဲ လှပတဲ့ ခပ်ကော့ကော့ နှုတ်ခမ်းဖျားလေးတွေနဲ့ ကြည်ကြည်နူးနူးလေး ပြုံးတယ်၊ ဒါပေမဲ့ သခင်ကြီးဆီက ဘာအဖြေမှ မရတာကြောင့် ကော်ဖီသောက်ရတာကို မနှစ်သက်ဘူးလို့ ထင်မှတ်သွားတဲ့ မင်ဆော့က အနေရခက်ဟန်လေးနဲ့ သူ့နားရွက်လေးကို သူ ပွတ်ပြီး ဖြေရှင်းချက်လေး ပေးပြန်တယ်၊
" အားနာလိုက်တာ၊ ဆေးရုံမှာ ဒါပဲရှိတော့လေ..
ဂျုံဒေးကတော့ အရမ်းကြိုက်တာ.. "" အော်.. "
ဒီတစ်ခါစကားမှာတော့ သခင်ကြီးဂင်မ်က အလွန်အမင်း အံ့အားသင့်သွားရပြီး ကော်ဖီစက်လေးကို တစ်ချက်ပြန်ကြည့်တယ်၊ ဂျစ်တူးပေါက်စက ဒီလိုကော်ဖီကို သောက်တယ်တဲ့လား၊ အိမ်မှာဆို ဂျီကန်ပြီး ဘယ်နိုင်ငံကလာတဲ့ ကော်ဖီအကောင်းစားမှ၊ ဘယ်သူကိုယ်တိုင်ဖျော်ပေးမှ သောက်ချင်ပါတယ် သောက်တတ်ပါတယ်ဆိုတဲ့ အဆိုးလေးကလေ..၊ ကြည့်ပါဦး.. ချစ်သူမျက်နှာ တစ်ရွာထင်တဲ့ ဟာလေး..၊ တဖျတ်ဖျတ် ရိုက်ပစ်ချင်စရာ..
" စကားမစပ်၊ Doctor နာမည်က မင်ဆော့နော် "
" ဟုတ်ကဲ့၊ ဂင်မင်ဆော့ပါခင်ဗျာ "
ရည်မွန်တဲ့ ဒေါက်တာလေးက ယဉ်ယဉ်ကျေးကျေးလေး စကားပြောလာတာကြောင့် ကော်ရစ်တာတစ်လျှောက် ဖြည်းညှင်းစွာ လမ်းလျှောက်နေရင်း သူ ကျေနပ်မိသွားသေးတယ်၊ ဘေးကနေ ကပ်လိုက်လာတဲ့ ဆရာဝန်လေးကတော့ ခြေသံဖွဖွ၊ သားငယ်လေး အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်ကို တစ်ချက်ငေးမောကြည့်ပြီးမှ ကျေနပ်သွားတဲ့ သခင်ကြီးက မင်ဆော့ရဲ့ မျက်နှာကို ပြန်ကြည့်ပြီး မေးလာတယ်၊
" သားငယ်က မင်ဆော့အိမ်မှာ လိုက်နေတယ်လို့ ပြောတယ်၊ သားတို့ အစားအသောက်ကိစ္စရော အဆင်ပြေရဲ့လား "
"အဲ့ဒါက.. အမှန်တိုင်းပြောရရင် ကျွန်တော်က ဟင်းသိပ်မချက်တတ်တော့လေ.. များသောအားဖြင့်တော့ ၀ယ်စားဖြစ်ပါတယ်၊ ဂျုံဒေးလေးက ဂျူတီချိန်တွေရှိရင်တော့ ဒီက ကန်တင်းမှာပဲ သူ့ဟာသူ စားတယ် "
![](https://img.wattpad.com/cover/98135684-288-k202339.jpg)
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...