"မင်းတစ်ယောက်တည်းလား..."အေးစက်နေတဲ့ ကျွန်တော့်လက်ဖျားလေးတွေကို ထိုသူ လာရောက်ပွတ်သပ်တယ်...
နှလုံးသားထဲ အနွေးဓာတ်ဝင်ရောက်လာတဲ့အချိန် ထိုသူ့ပုခုံးပေါ် မှီခိုဖို့အားပြုလိုက်တယ်။
"မိုးတော့ စိတ်ပူနေတော့မှာပဲ ရန်ကုန်ကိုကြေးနန်းနဲ့ မင်းကောင်းကောင်းရောက်လာတယ်ဆိုတာ အကြောင်းကြားရမယ်..."
လွတ်ထွက်သွားတဲ့ ထိုသူ့လက်ဖဝါးတွေကို ပြန်လည်ဆွဲယူမိတယ်။
"မပြောလို့မရဘူးလား..."
"ဘယ်ရမလဲ သူတို့ စိတ်ပူနေလိမ့်မယ်"
"ခဏလေးပါ ဒီအတိုင်း..."
.
.အိပ်ပျော်သွားမိတဲ့ အချိန်တွေကိုနှမျှော်မိတယ်။
သို့ပေမယ့် ခင်များဘေးမှာမို့ ကျွန်တော်ပျော်တယ်။.
.
"နိုးပြီလား ဘယ်လိုလဲ အခြေအနေကောင်းလား.....အင်း... ပြုံးပြတယ်ဆိုတော့ နေကောင်းတဲ့ပုံပဲ ဒါဆို ကိုယ်ဆရာဝန်မခေါ်တော့ဘူးနော်"
"ဒီနေ့ဘယ်နှစ်ရက်နေ့လဲ...အကို"
"ဟင်...25ရက်နေ့"
"25.1.1952..."
"ဘာဖြစ်လို့လဲ"
"ကျွန်တော် အကိုနဲ့လျှောက်လည်ချင်တယ်"
"ကိုယ့်မှာမနက်ပိုင်းအလုပ်ရှိသေးတယ် ပါတီကလူတွေနဲ့ အစည်းအဝေးလုပ်ရအုံးမယ် ဒီကိုရောက်တာကြာပြီလေ ကိစ္စတွေ မြန်မြန်အပြီးသတ်ရမယ်"
"ရပါတယ်...ကျွန်တော်စောင့်ပါ့မယ်"
"မင်းအတွက် မနက်စာပြင်ပေးထားတယ်နော်"
"ဟုတ်"
ကုတ်အင်္ကျီအနက်လေးကို သူ့ရဲ့အဖြူရောင်လက်ရှည်ရှပ်ပေါ်မှာ ထပ်ဝတ်လိုက်တယ်။
"ကျွန်တော် ကူပေးမယ်"
"ဟင်...ရပါတယ်"
"ဗိုလ်ကြီး ဒီခုံမှာခဏထိုင်ပါလား"
"ဟင် ဘာြဖစ်လို့လဲ"
ဟန်ရိပ်က ဘေးမှာချထားတဲ့ လည်သာဘွတ်ဖိနပ်အညိုနှစ်ရံ ကိုယူလိုက်တယ်။
ပြီးတော့ နေရောင်ရဲ့ ညာဖက်ခြေဖဝါးတွေကို မယူလိုက်တယ်။
YOU ARE READING
I'll Be There In 1945... [completed]
Historical Fictionpart 19 (Uni+Zaw) လွတ်လပ်ရေးမရခင်ဂျပန်-အင်္ဂလိပ်ခေတ် ကိုပြန်ရောက်သွားတဲ့ကောင်လေး...... နေကြာပန်းတေကြွေတဲ့အခါ ခင်များဘယ်မှာရှိနေမှာလဲ I'LL B-E T-H-E-R-E 🌻 (unicode) လွတ်လပ်ရေးမရခင်ဂျပန်-အင်္ဂလိပ်ခေတ် ကိုပြန်ရောက်သွားတဲ့ကောင်လေး...... နေကြာပန်းတေကြွေတဲ...