[ Only Yizhan & Xingho ]
[ Sweet Part ]" အပူချိန်တော့ ကျသွားသားပဲ "
အဖျားတိုင်းစက်မှာပေါ်နေတဲ့ ဂဏန်းလေးကို သေသေချာချာ စစ်ရင်း ရှောင်းကျန့်ကပြောတော့ စစ်သားလေးက သွားလေးဖြဲပြီး ရယ်ပြတယ်၊ ပြန်ပြုံးပြလိုက်ရင်း သုံးရက်စာ ဆေးပေးဖို့ အတွက် ဆေးဘူးတွေကို ယူနေတုန်းမှာပဲ လှုပ်လှုပ်ရှားရှားနဲ့ တကြိတ်ကြိတ် ဖြစ်နေကြတဲ့ Jackson တို့ကြောင့် သူ့ စိတ်ထဲတစ်မျိုးခံစားရပြီး လှည့်ကြည့်လိုက်တော့ အရေးကြီးလူနာရောက်လာဟန် တူပါတယ်၊
ရိပ်ခနဲ မြင်လိုက်ရပေမဲ့ ဆေးခန်းရဲ့ အစွန်ဆုံးကုတင်မှာ လိုက်ကာပါ လျင်လျင်မြန်မြန် ဆွဲပိတ်ချပစ်လိုက်တဲ့ Wang Jackson ကြောင့် လူနာကို မမြင်လိုက်ရ၊ တွေဝေသလို စဉ်းစားရင်းနဲ့ အိပ်ငယ်လေးထဲကို ဆေးလုံးလေးတွေ စနစ်တကျ ထည့်ပိတ်လိုက်ရင်း စစ်သားလေးကို ပေးတော့ စစ်သားလေးက ဆေးကို လက်နှစ်ဖက်နဲ့ သေချာကမ်းယူနေပေမဲ့ မျက်လုံးတွေကတော့ အခန်းထောင့်က အဖြူရောင်လိုက်ကာစနားက မခွာ၊ ကိုယ့်ကိုလည်း တစ်ခုခုပြောချင်သလို ပုံစံမျိုးမို့ မေးဖို့ ပါးစပ်ဟစဉ်မှာပဲ Jackson က ဂုတ်ကိုလာဆွဲတယ်၊
" ဘာလဲ ? "
"သူ့ကို ကြည့်ပေးပြီးပြီမလား၊ လိုက်ခဲ့ဦး.. မင်းအတွက် လူနာတစ်ယောက် ရောက်လာတယ် "
" ငါ့အတွက် လူနာ "
နားမလည်တဲ့ရုပ်လေးနဲ့ ရှောင်းကျန့်က အူလည်လည် ပြန်မေးတော့ ခေါင်းကို လေးတွဲ့တွဲ့ရမ်းတဲ့ Jackson က သူ့ပုခုံးကို မှီဖက်လိုက်သေးတယ်၊ ပြီးတော့ အလျင်လိုနေဟန်နဲ့ သူ့ကို အတင်းပွေ့သွားတော့မတက် ဆွဲခေါ်သွားပြီး လိုက်ကာပိတ်ထားတဲ့ ကုတင်နားကို သွားတယ်၊
" ရှိတယ်၊ အရေးကြီးလူနာ.. မင်းနဲ့မှ မကုရရင် သူ့ရောဂါက ပျောက်မယ်မထင်ဘူး "
ဘယ်လိုမျိုးကြီးလဲလို့ သူ ပြန်မေးခွန်းမထုတ်နိုင်ခင်မှာပဲ Jack son က အားနဲ့ တွန်းလိုက်တာမို့ အရှိန်မထိန်းနိုင်တော့ပဲ လိုက်ကာဖြူဖြူတွေကြား ရှောင်းကျန့် ရောထွေးလို့ ၀င်သွားရတယ်၊ ရုတ်တရက်မို့ လဲကျပြီလို့ ထင်မှတ်လိုက်မိပေမဲ့ အမှတ်မထင် ၀င်တိုက်မိလိုက်တဲ့ ရင်ဘတ်တစ်စုံကြောင့် ကိုယ့်မှာ လန့်ပြီး အသက်ရှူတောင်အောင့်မိသွားတယ်၊ ဒီကိုယ်သင်းရနံ့ ၊ အငွေ့အသက်နဲ့ နွေးထွေးလုံခြုံမှုတွေက လူတစ်ဦးတစ်ယောက်တည်းသာ ပိုင်ဆိုင်ပြီး သူ့တစ်ဘ၀လုံး မှတ်မိနေစေတဲ့ အရာမျိုးပဲမလား။
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...